ရုရှားအမြောက်တပ်တွေဟာ ဒုံးကျည်နဲ့ ယူကရိန်းနိုင်ငံထဲက ပစ်မှတ် ၁၂၆၀ ကျော်ကို ညတွင်းချင်း ပစ်ခတ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဧပြီ ၁၉ ရက်မှာ ပြောပါတယ်။
ဒါ့အပြင် ဒန်ညက်စ်ဒေသထဲမှာ ယူကရိန်းရဲ့ MiG-29 ဂျက်လေယာဉ်ကို ရုရှားလေယာဉ်ပစ်တပ်က ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းရဲ့ ဗျူဟာမြောက် တော့ချ်ကာအူ ဒုံးကျည် ၂ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး နေရာလေးခုမှာ ယူကရိန်းရဲ့ မောင်းသူမဲ့လေယာဉ် လေးစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ အစ်ဂေါ ကိုနာရှန်ကို့ဗ်က ပြောပါတယ်။
ဒါ့အပြင် ချာဗိုနာ ပေါ်ယာနာဒေသနဲ့ ဘာလက်လေယာဒေသက ယူကရိန်းစစ်တပ် ကွပ်ကဲရေးဌာန ၂၈ ခုနဲ့ ရန်သူ့ စစ်ဘက်ပစ္စည်းကိရိယာတွေ ရှိတဲ့နေရာ ၁၂၆၇ နေရာကို ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။