close

ယူကရိန်းရဟတ်ယာဉ်

close

April 2, 2022

ယူကရိန်းရဟတ်ယာဉ်က ရုရှားလောင်စာသိုလှောင်ရုံကို တိုက်ခိုက်

ယူကရိန်းစစ်ရဟတ်ယာဉ်နှစ်စင်းက ရုရှားနိုင်ငံ ဘလ်ဂရော့ဒ်မြို့ရှိ လောင်စာသိုလှောင်ရုံတခုကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားအရာရှိတယောက်က ပြောပါတယ်။ 

ယူကရိန်းကို ရုရှားတို့ ကျူးကျော်တိုက်ခိုက်မှု စတင်ကတည်းက ယူကရိန်းစစ်ဘက်က ရုရှားမြေပေါ် ပထမဆုံးအကြိမ် ပြန်လည် တိုက်ခိုက်တာလို့ အတည်ပြုပါတယ်။

ရဟတ်ယာဉ်နှစ်စင်းဟာ အနိမ့်ဆုံးထိ ပျံသန်းပြီး လောင်စာသိုလှောင်ရုံကို ပစ်ခတ်ခဲ့တာလို့ မြို့အုပ်ချုပ်ရေးမှူး ယာချက်စ်လဗ် ဂလက်ကော့ဗ်ကလည်း ပြောပါတယ်။ 

ဘလ်ဂရော့ဒ်မြို့ဟာ ယူကရိန်းနဲ့ ၃၅ ကီလိုမီတာ (၂၂ မိုင်) အကွာမှာ ရှိတာဖြစ်ပြီး တိုက်ခိုက်မှုကြောင့်  အလုပ်သမား ၂ ဦး ဒဏ်ရာရကာ  ဒေသခံအချို့ကို နေရာရွှေ့ပြောင်းထားပါတယ်။ 

ရုရှားစွမ်းအင်ဝန်ကြီး နီကိုလိုင်း ရှုလ်ဂီနော့ဗ်က အခုတိုက်ခိုက်မှုက လောင်စာဆီ ထောက်ပံ့မှုတွေကို ထိခိုက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ 

ဥရောပပါလီမန်ဥက္ကဋ္ဌ မစ္စရောဘတ်တာ မက်ဆိုလာ က ရုရုားတပ်တွေတိုက်ခိုက်မှု ဆက်ဖြစ်နေစဉ် အတွင်း ယူကရိန်းမြို့တော် ကိယက်ဗ်ကို တရက်သွားရောက်ခဲ့ပြီး သမ္မတဇလန်းစကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ 

မက်ဆိုလာက စစ်ပွဲနိုင်ဖို့အတွက် လိုအပ်တဲ့အကူအညီ ဘာမဆို ယူကရိန်းအစိုးရကို ပေးသွားမယ်လို့ ကတိပေးခဲ့ပါတယ်။

1 min Ago
Up