close

ယူကရိန်းလက်နက်စက်ရုံ

close

March 15, 2022

ယူကရိန်းလက်နက်စက်ရုံများကို တိုက်ခိုက်ရန် ရုရှားစီစဉ်

ယူကရိန်းစစ်တပ်က ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ ဒန်ညက်စ်မြို့ကို လေကြောင်းကနေ တိုက်ခိုက်လို့ လက်စားချေတဲ့အနေနဲ့ ယူကရိန်း လက်နက်စက်ရုံတွေကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ ရုရှားအစိုးရက မတ် ၁၄ ရက်မှာ ပြောလိုက်ပါတယ်။

ဒေသခံတွေနဲ့ အလုပ်သမားတွေ ဝေးဝေးနေကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။  ယူကရိန်းဟာ လူနေထူထပ်တဲ့ ဒန်ညက်စ်ဒေသထဲမှာ အစုလိုက် အပြုံလိုက် ထိခိုက်စေတဲ့ လက်နက်တွေကို သုံးခဲ့တယ်လို့ ရုရှားက ယုံကြည်တယ်လို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

အမျိုးသားရေးဝါဒီတွေက စစ်ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ သုံးတဲ့ လက်နက်တွေကို ထုတ်လုပ်၊ ပြုပြင်၊ သိုလှောင်တဲ့ စစ်ဘက် စက်မှုလုပ်ငန်းတွေရှိရာ ယူကရိန်းစက်မှုဇုန်တွေကို မလှုပ်ရှားနိုင်အောင် အရေးယူတဲ့နည်းနဲ့ ရုရှားစစ်တပ်က တုံ့ပြန်မယ်လို့လည်း ပြောပါတယ်။

အဲဒီလုပ်ငန်းတွေမှာ အလုပ်လုပ်နေသူတွေ၊ အနီးဝန်းကျင်မှာရှိတဲ့ လူနေအဆောက်အအုံတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေ အန္တရာယ်ရှိနိုင်တဲ့ဧရိယာကို စွန့်ခွာကြဖို့ တိုက်တွန်းတယ်လို့လည်း ကြေညာချက်မှာ ပြောပါတယ်။

12 hours Ago
Up