close

ယူကရိန်းလက်နက်တိုက်

close

August 9, 2022

လက်နက်တန်ချိန် ၄၅,၀၀၀ သိုလှောင်ထားသည့် ယူကရိန်းလက်နက်တိုက်ကို ရုရှား ဖျက်ဆီး

ယူကရိန်းနိုင်ငံတောင်ပိုင်း မီခိုလိုက်ဗ်ဒေသရှိ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးက ထောက်ပံ့ထားတဲ့ လက်နက်ခဲယမ်း တန်ချိန်လေးသောင်းခွဲ သိုလှောင်ထားရာ လက်နက်တိုက်ကို ရုရှားစစ်တပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ အစ်ဂေါ ကိုနာရှန်ကို့ဗ်ကိုက ပြောကြောင်း ဩဂုတ် ၈ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ရုရှားစစ်တပ်ဟာ ဒန်ညက်စ်ဒေသထဲက ယူကရိန်း ကွပ်ကဲရေးတပ်စခန်းတွေ၊ အမြောက်တပ်ရင်းတွေနဲ့ ကုန်လှောင်ရုံတွေ အပါအဝင် ပစ်မှတ်အတော်များများကို ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့လည်း ကိုနာရှန်ကို့ဗ်က ပြောပါတယ်။

ရုရှားက ယူကရိန်းကို အထူးစစ်ဆင်ရေး စဆင်နွှဲချိန်ကနေ ခုထိ စုစုပေါင်း လေယာဉ် ၂၆၃ စီး၊ သံချပ်ကာကားနဲ့ တင့်ကားစီးရေ ၄,၂၆၂ စီး၊ အမြောက် ၃,၂၇၃ လက်နဲ့ အထူးစစ်ဘက်ယာဉ် ၄,၇၅၆ စီးကို ဖျက်ဆီးခဲ့ပြီးပြီလို့လည်း သူက ဆက်ပြောပါတယ်။

ယူကရိန်းတောင်ပိုင်းက ဇာပိုရစ်ချ်ဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံကို ပစ်ခတ်မှုအတွက် ယူကရိန်းနဲ့ ရုရှားအစိုးရတို့ တနင်္ဂနွေနေ့က အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

ဒီစက်ရုံဟာ ဥရောပမှာ အကြီးဆုံး အနုမြူစွမ်းအင်စက်ရုံတွေထဲက တခုဖြစ်ပြီး ယူကရိန်းနိုင်ငံရဲ့ လေးပုံတပုံကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတာပါ။

ဒီစက်ရုံကို မတ်လတည်းက ခုထိ ရုရှားတပ်တွေ ထိန်းချုပ်ထားပြီး လတ်တလောရက်တွေမှာ စစ်ရေးအရ ပစ်ခတ်ခံနေရပါတယ်။

31 seconds Ago
Up