close

ယူကရိန်းအစိုးရဝက်ဘ်ဆိုက်

close

January 15, 2022

ယူကရိန်းအစိုးရဝက်ဘ်ဆိုက်များကို ရုရှားက စာပို့ ခြိမ်းခြောက်

ယူကရိန်းအစိုးရဝက်ဘ်ဆိုက်တွေကို  ရုရှားက အကြိမ်ကြိမ် ဝင်ရောက်တိုက်ခိုက်ပြီး ယူကရိန်းနိုင်ငံသားတွေ ‘အဆိုးဆုံးကို မျှော်လင့်ထား’ လို့  သတိပေး ခြိမ်းခြောက်စာတွေ ပေးပို့ခဲ့ပါတယ်။

ယူကရိန်းနယ်စပ်တလျှောက်မှာ ရုရှားက တပ်သား ၁ သိန်းကျော် ချထားပြီး စစ်ရေးလေ့ကျင့်နေတာတွေကိုလည်း ရုရှားရုပ်သံကနေ ပြသနေပါတယ်။

‘မကြောက်ပါနဲ့ အဆိုးဆုံးကိုပြင်ဆင်ထားပါ’ ဆိုတဲ့ မက်ဆေ့ချ်တွေ ယူကရိန်း ဝက်ဘ်ဆိုက်တွေပေါ် ဇန်နဝါရီ ၁၄ ရက်က ဝင်ရောက်လာပြီး တချို့ဆိုက်တွေကို ယူကရိန်းအစိုးရက ယာယီ ရပ်ဆိုင်းလိုက်တယ်လို့ လုံခြုံရေးဌာနက ပြောပါတယ်။

ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဘောရဲလ်က ရုရှားရဲ့အပြုအမူကို ရှုတ်ချလိုက်ပြီး၊ ဥရောပဆိုက်ဘာလုံခြုံရေးအဖွဲ့က ယူကရိန်းအစိုးရကို နည်းပညာအကာအကွယ်ပေးမယ်လို့ ပြောဆိုပါတယ်။  

ရုရှားဘက်ကတော့ အခြေအမြစ်မရှိတဲ့ သတင်းတွေပါလို့ တုံ့ပြန်ပါတယ်။ အရင်ကလည်း အလားတူ ဆိုက်ဘာ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး ရုရှားက အမြဲတမ်း ငြင်းဆန်ခဲ့ပါတယ်။

ယခုအပတ်ထဲ ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံရာမှာ ရုရှားရဲ့တောင်းဆိုမှုတွေကို အမေရိကန်ဘက်က တချက်ချင်း အပြုဆောင်တဲ့ တုံ့ပြန်မှုတွေပေါ် မူတည်ပြီး ရှရှားဘက်က ဆွေးနွေးမှုတွေ ပြန်စမယ်လို့ ပြောခဲ့ပါတယ်။ 

လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုတွေ ပျက်သွားခဲ့ရင် စစ်ရေးတပ်ဖြန့်ချထားမှု ပိုများ လာနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

3 mins Ago
Up