တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ အထင်ကရအဆောက်အဦတွေ အတော်များများမှာ ရုရှားရဲ့ စစ်ရေးကျုးကျော်မှုကို ဆန့်ကျင်ပြီး ယူကရိန်းကို ထောက်ခံမှုဖော်ပြတဲ့ အဝါနဲ့အပြာရောင် မီးတွေထွန်းညှိထားပါတယ်။
ဆိုးလ်မြို့တော်ခန်းမ၊ နမ့်ဆန်ဆိုးလ်တာဝါနဲ့ နေရာအတော်များများမှာ ယူကရိန်းအလံတွေ လွှင့်ထူပြီး ကျူးကျော်စစ်ရပ်ရေး တောင်းဆိုတဲ့ တခြားနိုင်ငံတွေနဲ့အတူ ရပ်တည်ပြထားပါတယ်။
တောင်ကိုရီးယားက အနောက်နိုင်ငံတွေနဲ့အတူ ရုရှားဘဏ်တွေအပေါ် အရေးယူကြောင်း ကြေညာပြီး ရုရှားကို တင်ပို့ပစ္စည်းတွေလည်း ရပ်ဆိုင်းထားပါတယ်။ အထူးသဖြင့် ကိုရီးယားက တင်ပို့နေတဲ့ လျှပ်စစ်ပစ္စည်း၊ ကွန်ပျူတာ၊ တပိုင်းလျှပ်ကူးပစ္စည်းတွေကို ချက်ချင်း ရပ်ဆိုင်းခဲ့တာပါ။