ရုရှား ကျုးကျော်တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာတဲ့ ယူကရိန်းဒုက္ခသည် ၅၀၀၀ အထိ အစ္စရေးနိုင်ငံမှာ အမြဲနေထိုင်ခွင့်ပြုပြီး၊ တိုက်ပွဲမစခင် ရောက်ရှိနေတဲ့ ၂၀၀၀၀ ကျော်ကို ယာယီနေထိုင်ခွင့်ပြုထားမယ်လို့ ပြည်ထဲရေးဝန်ကြီး အယာလက်ရှာကက်ဒ်က ပြောပါတယ်။
ဂျုးနွယ်ဖွား ယူကရိန်းနိုင်ငံသား ၂၀၀၀၀ ကျော်ဟာ အစ္စရေးနိုင်ငံကို ရောက်ရှိနေပြီးနောက် မတ်လ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီး အယာလက်က ပြောခဲ့တာပါ။
ပြေးလာသူအများစုက တရားမဝင် ရောက်ရှိလာတာဖြစ်ပြီး အစ္စရေးမှာ အလုပ်လုပ်နေတဲ့ ဗီဇာရက်လွန်သူ ယူကရိန်းနိုင်ငံသားတွေကိုလည်း ဆက် အလုပ်လုပ်ခွင့်ပေးမယ်လို့လည်း ပြောပါတယ်။
အစ္စရေးက ယူကရိန်းစစ်ပွဲရပ်တံ့ဖို့ သံတမန်နည်းနဲ့ အစွမ်းကုန် ကြိုးပမ်းနေတာပါ။ ပြီးခဲ့တဲ့အပတ်မှာ ဝန်ကြီးချုပ် နဖ်တာလီ ဘန်းနက်တ် က ရုရှားသမ္မတ ပူတင်နဲ့ရော ယူကရိန်းသမ္မတ ဇလန်းစကီး ကိုပါ ဖုန်းဆက် စကားပြောခဲ့ပါတယ်။