ဥရောပ တနိုင်ငံက ယူကရိန်းကို ပေးထားတဲ့ S-300 လေယာဉ်ပစ် ဒုံးကျည်ပစ်လွှတ်ရေးစနစ်တွေကို ခရုဇ်မစ်ဇိုင်း ဒုံးကျည်တွေသုံးပြီး ဖျက်ဆီးပစ်ခဲ့တယ်လို့ ရုရှားက ဧပြီ ၁၁ ရက်မှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံ ဒနီပရိုမြို့ပြင်က ကုန်လှောင်ရုံထဲမှာ သိမ်းထားတဲ့ S-300 လေယာဉ်ပစ် ဒုံးကျည်ပစ်လွှတ်ရေးစနစ်လေးခုကို ကာလီဘာ ခရုဇ်ဒုံးကျည်တွေနဲ့ ဧပြီ ၁၀ ရက်နေ့က ပစ်ခတ် ဖျက်ဆီးခဲ့တာလို့ ရုရှးကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း ယူကရိန်းစစ်သည် ၂၅ ယောက်လည်း ဒုံးကျည် ထိမှန်ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။
S-300 လေယာဉ်ပစ် ဒုံးကျည်ပစ်လွှတ်ရေးစနစ်ကို ယူကရိန်းဆီ ဘယ်နိုင်ငံက ပေးခဲ့တာလည်း ဆိုတာကိုတော့ ရုရှက မပြောခဲ့ပါဘူး။
ယူကရိန်း စစ်တပ်ပံ့ပိုးမှုအင်္ဂါရပ်တွေကို ပစ်မှတ်ထားပြီး ရုရှဖျက်သင်္ဘော တစီးပေါ်ကနေ ကာလီဘာ ဒုံးကျည်တွေနဲ့ ပင်လယ်နက်ထဲကနေ ဧပြီ ၁၀ ရက်က ပစ်ခတ်ခဲ့တဲ့ ရုပ်သံကိုလည်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဖြန့်ချိခဲ့ပါတယ်။
ယူကရိန်းကို အလားတူ ဒုံးကျည်စနစ်တခု လှူခဲ့ဖူးတဲ့ နေတိုးအဖွဲ့ဝင် စလိုဗက်ကီးယားနိုင်ငံ အစိုးရ ပြောခွင့်ရကတော့ သူပံ့ပိုးထားတဲ့စနစ်ကို ကျည်မသင့်ခဲ့ဘူးလို့ ပြောပါတယ်။ ယူကရိန်း စစ်တပ်ကတော့ S-300 လေယာဉ်ပစ် ဒုံးကျည်ပစ်လွှတ်ရေးစနစ်တွေ ဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး ချက်ချင်း မတုံ့ပြန်သေးပါဘူး။