ကွန်ဂိုနိုင်ငံထဲကို ရောက်နေတဲ့ ယူဂန္ဓာစစ်တပ်ဟာ ကွန်ဂိုစစ်တပ်နဲ့အတူ အစ္စလာမစ် စစ်သွေးကြွတွေကို တိုက်ပွဲဝင်နေပြီး ကန့်သတ်ထားတဲ့ အချိန်ကာလအတွက်သာ ယာယီနေထိုင်စေမယ်လို့ ကွန်ဂိုသမ္မတ ဖီးလစ် ရှေဆက်ကေဒီက ဒီဇင်ဘာ ၁၃ မှာ ပြောလိုက်ပါတယ်။
“အိုင်အက်စ်စစ်သွေးကြွတွေနဲ့ မိတ်ဖက်ပြုထားတဲ့ လက်နက်ကိုင်အုပ်စုတွေကို ချေမှုန်းတဲ့ စစ်ဆင်ရေးအတွက် လိုအပ်သလောက် တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတဲ့ အချိန်မှာသာ ယူဂန္ဓာတပ်တွေရှိနေတာ သေချာအောင် ကျနော် လုပ်မယ်။”
ADF အကြမ်းဖက်အုပ်စုကို နှိမ်နင်းဖို့ ယူဂန္ဓာ စစ်သည် အယောက် ၁၇၀၀ ထက်မနည်းဟာ ကွန်ဂိုအရှေ့ပိုင်းကို ဖြတ်ကျော်ဝင်လာခဲ့တာလို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။
ကွန်ဂိုနိုင်ငံအတွင်း ၁၉၉၈-၂၀၀၃ ခုနှစ် ပြည်တွင်းစစ်အတွင်း ယူဂန္ဓာ စစ်တပ်ဟာ ပိုင်နက်တွေကို သိမ်းပိုက်ခဲ့ပြီး သယံဇာတအရင်းအမြစ်တွေကို အဓမ္မ လုယက်ယူငင်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။