close

ယူရိုငွေသန်း ၄၀၀

close

April 18, 2023

အီတလီကမ်းလွန်တွင် ယူရိုငွေသန်း ၄၀၀ ကျော်ရှိတန်ဖိုးရှိ ကိုကင်း မူးယစ်ဆေးများ သိမ်းဆည်းရမိ

အီတလီနိုင်ငံ စစ္စလီကျွန်းအရှေ့ဘက် ကမ်းလွန်တစ်နေရာက ပင်လယ်ပြင်မှာ ဈေးကွက်တန်ဖိုး ယူရိုငွေသန်းပေါင်း ၄၀၀ ကျော်ရှိတဲ့ ကိုကင်း မူးယစ်ဆေးဝါး ၂ တန်ကို တွေ့ခဲ့တယ်လို့ အကောက်ခွန်ဆိုင်ရာရဲတပ်ဖွဲ့ကအတည်ပြုပါတယ်။

ဒါဟာ စံချိန်တင်ဖမ်းဆီးရမှုလို့လည်း ဂွါဒီယာဒီဖင်နန်ဇာရဲတပ်ဖွဲ့က မှတ်ချက်ပြုပါတယ်။ ဒီမူးယစ် ဆေးဝါးတွေမှာ ရေယိုစိမ့်တာမျိုး မဖြစ်စေဖို့အတွက် အထုပ်ပေါင်း ၇၀ နီးပါးကို အသေအချာ ထုပ်ပိုးထားတဲ့အပြင် ငါးဖမ်းပိုက်တွေနဲ့အတူ တွဲချည်ပြီး အမှောင်ထဲမှာ အလင်းရောင် တောက်ပနိုင်တဲ့ ကိရိယာတစ်ခုလည်း ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မတူထူးခြားတဲ့ ထုပ်ပိုးမှုပုံစံ နည်းလမ်းတွေနဲ့ ခြေရာခံနိုင်ဖို့ အလင်းရောင်တောက်ပတဲ့ ကိရိယာတစ်ခုပါဝင်နေပုံ အရ နောက်ပိုင်းမှာ ဒီမူးယစ်ဆေးဝါးအထုပ်တွေကို ပြန်လည်ဆယ်ယူနိုင်ဖို့ ကုန်တင်သင်္ဘောတစ်စီးပေါ်ကနေ ပစ်ချခဲ့တာ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖြည့်စွက်ဖော်ပြထားပါတယ်။

10 mins Ago
Up