စပါးအသင်းဟာ အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်ကို ယူရိုသန်း ၆၀ နဲ့ခေါ်ယူဖို့ နောက်ဆုံး အဆင့်ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ ဘရာဇီးသတင်းဌာန UOL Esporte ကဖော်ပြ ပါတယ်။
ဘရာဇီးတိုက်စစ်မှူးကို ချဲလ်ဆီးနဲ့ အာဆင် နယ်အသင်းတွေကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် စပါးအသင်းက နောက်ဆုံးအဆင့်ဆွေးနွေးမှုတွေလုပ်ဆောင်နေတဲ့အထိ လက်ဦးမူရထားတယ်လို့ ဆိုပါတယ်။
အသက် ၂၅ နှစ်ရှိ ရစ်ချာလီဆန်နဲ့ ချုပ်ဆိုမယ့် စာချုပ်သက်တမ်းကိုတောင် ဆွေးနွေးပြီးဖြစ်ကာ အဲဗာတန်အသင်းနဲ့သာ ပြောင်းရွှေ့ကြေး ညှိနှိုင်းသွားရဖို့ရှိနေပါတယ်။ ရစ်ချာလီဆန်ကိုယ်တိုင်ကတော့ အသင်းပြောင်းရွှေ့ဖို့ အစီအစဉ်ရှိတယ်လို့ ပြီးခဲ့တဲ့မေလအတွင်းက ဝန်ခံခဲ့ဖူးပါတယ်။
စပါးအသင်းဟာ အင်တာမီလန်က ခရိုအေးရှား တောင်ပံကစား သမားအိုင်ဗန်ပါရီဆစ်နဲ့ ဆောက်သမ်တန်က အင်္ဂလန်ဂိုးသမား ဖရေဇာဖော်စတာတို့ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားပါတယ်။