close

ယူရိုသန်း ၁၀၀

close

August 29, 2022

ဘရာဇီးလက်ရွေးစင် အန်တိုနီကို ယူရိုသန်း ၁၀၀ဖြင့် မန်ယူအသင်း ခေါ်မည်

မန်ယူအသင်းဟာ အိုင်းယက်တောင်ပံတိုက်စစ်မှူး အန်တိုနီကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေးယူရို သန်း၁၀၀ နဲ့ သဘောတူညီမှု ရရှိသွားပါတယ်။ 

မန်ယူအသင်းဟာ ဘရာဇီးလက်ရွေးစင် အန်တိုနီအတွက် ကနဦးမှာ ပေါင် ၇၆ သန်းနဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။

အဲဒီနောက် ဒုတိယအကြိမ် ကမ်းလှမ်းချက်အဖြစ် ပေါင် ၈၄ သန်း (ယူရိုသန်း၁၀၀)နဲ့ ကမ်းလှမ်းချက်ကိုတော့ အိုင်းယက်ဘက်က လက်ခံခဲ့တာပါ။ 

အသက် ၂၂ နှစ်ရှိ ဘရာဇီးတိုက်စစ်ကစားသမားဟာ ၂၄ နာရီအတွင်းမှာ မန်ယူအသင်းနဲ့ ဆေးစစ်မှု ခံယူမှာဖြစ်ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ 

သူဟာ ဘရာဇီးကလပ် ဆာအိုပေါ်လိုက နေပြောင်းရွှေ့လာသူဖြစ်ပြီး အိုင်ယက်အသင်းအတွက် စုစုပေါင်း ၈၂ ပွဲမှာ ၂၅ ဂိုးသွင်းခဲ့ပါတယ်။ 

ဘရာဇီးလက်ရွေးစင်အတွက်တော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလကစတင် ကစားခွင့်ရခဲ့ပြီး စုစုပေါင်း ၉ ပွဲမှာ ၂ ဂိုး သွင်းယူထားပါတယ်။

2 hours Ago

March 15, 2020

ကိုင်းဟားဗတ်အတွက် ယူရိုသန်း ၁၀၀ ကျော်ရမှ ရောင်းမည်ဟု လေဗာကူဆန်နည်းပြပြော

ဥရောပအသင်းကြီးတွေရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ ကိုင်ဟားဗတ်ကို ယူရိုသန်း ၁၀၀ အောက်ဈေးနဲ့ ရောင်းမှာ မဟုတ်ဘူးလို့ လေဗာကူဆင်အသင်း နည်းပြ ပီတာဘော့က ထုတ်ဖော်ပြောလိုက်ပါတယ်။  ရီးရဲလ်မက်ဒရစ်၊ လီဗာပူးနဲ့ ဂျူဗင်တပ်စ် စတဲ့အသင်းကြီးတွေက ဒီကစားသမားကို ရာသီအပြောင်းအရွှေ့မှာ ခေါ်ဖို့ စိတ်ဝင်စားနေပြီး ကစားသမားကို အသင်းမှာ ဆက်ထိန်းဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။ ဟားဗတ်ဟာ လေဗာကူဆန်အသင်းရဲ့ လူငယ်စီမံကိန်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာမှာ အသင်းကြီးနဲ့ ပွဲထွက်ခွင့်ရဟာ အဓိက ကစားသမားအဖြစ် လျင်လျင်မြန်မြန် ခြေစွမ်းပြနိုင်ခဲ့တာပါ။  အသက် ၂၀ သာ ရှိသေးပေမယ့် သူဟာ လေဗာကူဆန်အသင်းကြီးအတွက် ၁၃၉ ပွဲ ပွဲထွက်ကစားခွင့် ရရှိထားသူလည်း ဖြစ်ပါတယ်။  “သူ့အသက်က ၂၀ ပဲ ရှိသေးပေမယ့် အသင်းကြီးမှာ ကစားခွင့်ရတာ လေးရာသီရှိပါပြီ။ သူဟာ လူငယ်အကယ်ဒမီထွက် ကစားသမားဖြစ်ပြီးတော့ အသင်းကြီးတွေ အားလုံးက သူ့ကို စောင့်ကြည့်နေကြပါတယ်။  သူ့ကစားဖော် ဂျူလီယန်ဘရန့်ကို ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်အသင်းဆီ ရောင်းချခဲ့ပြီး အခုဆိုရင် အားလုံးရဲ့ ပစ်မှတ်က ဟားဗတ် ဖြစ်လာပါပြီ။ ဆောင်းရာသီ ဈေးကွက်အတွင်းမှာ သူ့အတွက် ကမ်းလှမ်းမှုများစွာကို ရရှိခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရှုံးပွဲတွေအတွင်းမှာ ပရိသတ်တွေက သူ့ကို လှောင်ပြောင်ခဲ့ကြပြီး သူလည်း ဒီကိစ္စအပေါ် စိတ်ပျက်နေနိုင်ပါတယ်။ ဒါ့ကြောင့် သူ့ကို နောက်နှစ် နွေရာသီအထိ ဆက်ထိန်းထားဖို့ဆိုတာ ခက်ခဲလာနိုင်ပါတယ်။ ဒါ့ကြောင့် သူ့ကို ခေါ်ချင်တယ်ဆိုတဲ့ အသင်းတွေဟာ အနည်းဆုံးယူရို သန်း ၁၀၀ အသုံးပြုရပါမယ်”လို့ ဘော့က ပြောပါတယ်။
2 years Ago
Up