လီယွန်နယ်မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ စာချုပ်ပါ အချက်အလက်တွေ ပေါက်ကြားခဲ့ပြီး ၃ နှစ်စာ လုပ်ခအနေနဲ့ ယူရိုသန်း ၁၁၀ ရရှိမယ်လို့ သိရပါတယ်။
အသက် ၃၄ နှစ်ရှိ မက်ဆီဟာ ပီအက်စ်ဂျီနဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပေမဲ့ ပြင်သစ်သတင်းဟာ L’Equipe က ဖော်ထုတ်ရေးသားခဲ့တာပါ။
မက်ဆီဟာ အခုနှစ်ရာသီမှာ လုပ်ခအနေနဲ့ ယူရိုသန်း ၃ဝ ရရှိမှာဖြစ်ပြီး လက်ကျန် ၂ နှစ်မှာတော့ တစ်နှစ်ကို ယူရိုသန်း ၄၀ တိုးမြှင့်ရရှိမှာဖြစ်တယ်လို့ L’Equipe ကဖော်ပြပါတယ်။
မက်ဆီအနေနဲ့ ဘာစီလိုနာမှာဆက်ရှိမယ်ဆိုရင် လုပ်ခ ၅ဝ ရာခိုင်နှုန်း အနုတ်ခံရအပြီးမှာ ယူရိုသန်း ၃ဝ ရရှိမှာဖြစ်တယ်လို့ဆိုပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီအသင်းဆီပြောင်းရွှေ့ရာမှာ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်လို့ဆုကြေးတစ်စုံတစ်ရာမရပေမဲ့ အသင်းအပေါ်သစ္စာရှိမှုဆု ကြေးအနေနဲ့ တစ်နှစ်ကို ယူရို ၁၅ သန်းရရှိမယ်လို့လည်းသိရပါတယ်။
မက်ဆီရဲ့ တစ်နှစ်လုပ်ခ ယူရိုသန်း ၃ဝ ဟာ အသင်းဖော်တွေဖြစ်ကြတဲ့ နေမာ၊ အမ်ဘာပေတို့ထက် ပိုပြီးများပြားတယ်လို့လည်း ပြင်သစ်သတင်းစာက ရေးသားခဲ့ပါတယ်။