close

ယူရို ၂၀၂၀ ဘောလုံးပွဲ

close

June 13, 2021

ယူရို ၂၀၂၀ ဘောလုံးပွဲ ရုရှားကြောင်ကလေး ခန့်မှန်းချက် ၂ ပွဲဆက်တိုက် မှန်ကန်

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့က  ကြောင်ကလေး Achilles ဟာ လက်ရှိ ကျင်းပနေတဲ့ ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲမှာ  ဘယ်လ်ဂျီယံက ရုရှားကိုအနိုင်ယူလိမ့်မယ်လို့  ခန့်မှန်းချက် မှန်ကန်သွားပါတယ်။

ဇွန်လ ၁၂ ရက် စနေနေ့ညက ကန်သွားတဲ့  ဘယ်လ်ဂျီယံနဲ့  ရုရှားတို့ပွဲစဉ်မှာ ဘယ်လ်ဂျီယံက ရုရှားကို  ၃ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ 

ဇွန် ၁၁ ရက်ဖွင့်ပွဲမှာလည်း  တူရကီကို အီတလီက အနိုင်ရမယ်လို့ ကြောင်ကလေး Achilles က ခန့်မှန်းခဲ့တာဖြစ်ပြီး အဲဒီပွဲမှာလည်း အီတလီက တူရကီကို ၃ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ရုရှားနဲ့ ဘယ်လ်ဂျီယံပွဲနဲ့ပတ်သက်ပြီး  ကြောင်ကလေး Achilles ဟာ ရုရှားအလံဘက်က အစာခွက်ကိုတော့ ထိတောင် မထိခဲ့ဘဲ ဘယ်လ်ဂျီယံအလံ စိုက်ထားတဲ့ဘက်က အစာခွက်ကို တုံ့ဆိုင်းခြင်းမရှိ ရွေးချယ်စားသောက်ခဲ့တာပါ ။ 

မနေ့ညက ကန်သွားတဲ့ အုပ်စု (ဘီ) တခြားပွဲစဉ်တွေမှာတော့ ဖင်လန်က ဒိန်းမတ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး အုပ်စု (အေ) မှာတော့ ဆွစ်ဇာလန်နဲ့ ဝေးလ်တို့ တဖက်  ၁ ဂိုစီ သရေကျသွားပါတယ်။ 

6 mins Ago
Up