လာမယ့် ယူရို ၂၀၂၈ ဘောလုံးပြိုင်ပွဲ အိမ်ရှင်ကျင်းပနိုင်မယ့် ကစားကွင်း ၁၀ ကွင်းကို ယူကေနဲ့ အိုင်ယာလန်နိုင်ငံတွေက ပူးတွဲ တင်ပြခဲ့ပါတယ်။
အဲဒီ ကွင်း ၁၀ ကွင်းမှာ ယူကေနိုင်ငံက ကွင်း ၈ ကွင်းပါဝင်ပြီး အိုင်ယာလန်နိုင်ငံက ၂ ကွင်း ပါဝင်ပါတယ်။
လန်ဒန်မြို့က ဝင်ဘလေကွင်းနဲ့ စပါးအသင်းရဲ့ကွင်းနှစ်ကွင်းပါဝင်ပြီး မန်ချက်စတာမှာတော့ မန်စီးတီးရဲ့ အီတီဟတ်ကွင်းသာ ပါဝင်ပြီး မန်ယူအသင်းရဲ့အိုးထရတ်ဖို့ဒ်ကွင်း မပါဝင်ခဲ့ပါဘူး။
တခြားကွင်းတွေကတော့ ကာဒစ်အသင်းရဲ့ကွင်း၊ အသစ်တည်ဆောက်မယ့် အဲဗာတန်အသင်းရဲ့ကွင်းသစ်၊ နယူးကာဆယ်အသင်းရဲ့ စိန့်ဂျိမ်းစ်ပါ့ခ်ကွင်း၊ ဗီလာအသင်းရဲ့ ဗီလာပါ့ခ်ကွင်း၊ ဂလပ်စဂိုးမြို့က စကော့တလန်အမျိုးသားကွင်းတို့ပါဝင်ပါတယ်။
အိုင်ယာလန်ဘက်က ထည့်သွင်းလျှောက်ထားတဲ့ကွင်းတွေက ဒဗ္ဗလင်မြို့က အဗီဗာကွင်းနဲ့ အသစ်တည်ဆောက်မယ့် ဘဲလ်ဖက်စ်မြို့က ကေ့စ်မန့်ပါ့ခ်ကွင်းတို့ဖြစ်ပါတယ်။
ယူကေနဲ့ အိုင်ယာလန်တို့ဟာ ယူရို ၂၀၂၈ အိမ်ရှင်ကျင်းပခွင့်အတွက် တူရကီနိုင်ငံနဲ့ ယှဉ်ပြိုင်လျှောက်ထားရမှာပါ။
တူရကီဟာ ၂၀၀၈ ပြိုင်ပွဲကနေစတင်ပြီး ပြိုင်ပွဲတိုင်းမှာ အိမ်ရှင်ကျင်းပခွင့်လျှောက်ထားခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာလည်း ယူကေနဲ့ အိုင်ယာလန်တို့ကို ယှဉ်နိုင်ဖို့မရှိနိုင်ဘူးလို့ သုံးသပ်ကြပါတယ်။