close

ယူရို ၃၀၀ ဘီလီယံ

close

February 19, 2022

အာဖရိကနိုင်ငံများ၌ ယူရို ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့်အစီအစဉ် ဥရောပသမဂ္ဂကမ်းလှမ်း

ဥရောပသမဂ္ဂက အာဖရိကနိုင်ငံ ၄၀ ကျော်က ခေါင်းဆောင်တွေကို ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံပြီး ယူရိုငွေ ၃၀၀ ဘီလီယံ တန်ဖိုးရှိ ဖွံ့ဖြိုးရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွယ်မယ့် အစီအစဉ်တွေကို ကမ်းလှမ်းခဲ့ပါတယ်။

အဆိုပါအစီအစဉ်တွေက အာဖရိကမှာ တရုတ်နဲ့ ရုရှားတို့ရဲ့ အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေမှုကို တန်ပြန်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ 

အာဖရိကသမဂ္ဂရဲ့ ဥက္ကဋ္ဌ ဆီနီဂေါနိုင်ငံသမ္မတက ဥရောပသမဂ္ဂနဲ့ ကျင်းပတဲ့ အခုညီလာခံက ရလဒ်ကောင်းထွက်မယ်လို့ မြင်ကြောင်း၊ ထူးခြားဆန်းသစ်မှုရှိတဲ့ ထိပ်သီးအစည်းအဝေးဖြစ်ပြီး အာဖရိကရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ အကြမ်းဖက်တိုက်ဖျက်မှု၊ ဆင်းရဲမွဲတေမှုပပျောက်ရေး စတဲ့ လုပ်ငန်းတွေ ပါဝင်ကြောင်း ပြောပါတယ်။ 

ဥရောပကော်မရှင်ဥက္ကဋ္ဌကလည်း လာမယ့် ၇ နှစ်အတွင်း အာဖရိကမှာ ယူရိုငွေ ၁၅၀ ဘီလီယံ အစီအစဉ်တွေ လုပ်ဆောင်သွားပြီး ပြည်သူလူထုရဲ့လိုအပ်ချက်တွေ၊ အခြေခံအအောက်အဦ၊ ပြည့်ဖြိုးမြဲစွမ်းအင် အစီအစဉ်တွေ ဦးစားပေးမယ်လို့ ပြောပါတယ်။

7 mins Ago
Up