close

ယူအေအီးလေတပ်စခန်း

close

February 14, 2022

အမေရိကန်တိုက်လေယာဉ်များ ယူအေအီးလေတပ်စခန်းသို့ ရောက်ရှိ

အမေရိကန်ရဲ့ F-22 တိုက်လေယာဉ်တွေဟာ အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးက လေတပ်အခြေစိုက်စခန်းကို ဖေဖော်ဝါရီ ၁၂ ရက်က ရောက်ရှိလာပါတယ်။

ယီမင်နိုင်ငံအတွင်း ဟူသီတိုက်ခိုက်ရေးသမားတွေက အဘူဒါဘီမြို့တော်ကို မမျှော်လင့်ဘဲ တိုက်ခိုက်အပြီးမှာ တိုက်လေယာဉ်တွေ ခုလို ရောက်လာတာလို့ အမေရိကန် လေတပ်က စနေနေ့က ပြောပါတယ်။

လတ်တလော သီတင်းပတ်တွေအတွင်း အီရန်နဲ့ မဟာမိတ် ဟူသီတွေဟာ အမေရိကန်နဲ့ ယူအေအီး လေကြောင်းရန် အကာအကွယ်တွေ အပါအဝင်ယူအေအီးနိုင်ငံထဲက ပစ်မှတ်တွေကို ဆက်တိုက် ပစ်ခတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဒါကြောင့် အဲဒီမှာ အခြေစိုက်ထားတဲ့ အမေရိကန်တပ်တွေ ယာယီအကာအကွယ် ယူခဲ့ရပါတယ်။

3 mins Ago
Up