close

ရက္ခိုင်ပြည်ကျောင်းသားသမဂ္

close

March 11, 2022

ထောင်ဒဏ်ချမှတ်ခံထားရသည့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၄ ဦး လွတ်မြောက်

ရခိုင်ပြည်နယ်အတွင်းမှာ လူအခွင့်အရေး ချိုးဖောက်မှုတွေ ပြုလုပ်နေတယ်ဆိုပြီး ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ဖမ်းဆီးတရားစွဲ ထောင်ချခံခဲ့ရတဲ့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ပြည်ကျောင်းသားသမဂ္ဂက ကျောင်းသား ၄ ဦး မတ်လ ၁၁ ရက်နေ့မနက်ပိုင်း စစ်တွေအကျဉ်းထောင်ကနေ ပြန်လွတ်လာတယ်လို့ ကျောင်းသားတဦးက အတည်ပြုပါတယ်။

လွတ်မြောက်လာတဲ့ ကျောင်းသား ၄ ဦးဟာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်က ကိုမြတ်စိုးဝင်းနဲ့ ရခိုင်ကျောင်းသားများသမဂ္ဂ (ဒဂုံတက္ကသိုလ်) မှ ကိုကောင်းထွန်းတို့ ဖြစ်ပါတယ်။

သူတို့ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က NLD အစိုးရနဲ့ စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉ နဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အမိန့်ချမှတ်တာနဲ့ ပတ်သက်လို့ ကျေနပ်မှုမရှိတဲ့အတွက် ရခိုင်ပြည်နယ် တရားလွှတ်တော်ကို အယူခံဝင်ခဲ့ကြပြီး ရခိုင်ပြည်နယ် တရားလွှတ်တော်က ပြစ်ဒဏ်ကို ၂ နှစ် ၆ လကနေ ၁ နှစ် ၆ လအဖြစ် ပြန်လည်ပြင်ဆင်ပေးခဲ့တာပါ။

၁ နှစ်နီးပါး တရားရင်ဆိုင်ခဲ့ကြရပြီး ချုပ်ရက်ကိုပါ အကျိုးခံစားခွင့်ရှိတာကြောင့် လွတ်ရက်စေ့တဲ့အတွက် ပြန်လည်လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။

16 mins Ago

September 15, 2020

ဖိနှိပ်ခံရခိုင်ပြည်သူများအတွက် အနက်ရောင်ကမ်ပိန်း ပြုလုပ်

ရခိုင်ပြည်သူတွေ မတရားဖိနှိပ်ခံနေရတာကို အများပြည်သူ သိရှိအောင် ဖော်ထုတ်တဲ့ အနေနဲ့ အနက်ရောင်ကမ်ပိန်းလှုပ်ရှားမှုကို  ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များရန်ကုန်) နဲ့  ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂတို့က ဦးဆောင်ပြီး စတင်ပြုလုပ်နေပါတယ်။ စက်တင်ဘာ ၁၅ ရက်ကစပြီး မိမိတို့နေအိမ်ရုံးခန်းတွေမှာ အလံအနက်ရောင်တွေ ချိတ်ဆွဲဖို့ ဗုဒ္ဓဟူးနေ့တွေမှာ အနက်ရောင်ဝတ်ဆင်သွားလာကြဖို့ ရက္ခိုင်ကျောင်းသားများသမဂ္ဂက ပြည်သူတွေကို လူမှုကွန်ရက်ကနေ  နှိုးဆော်ထားပါတယ်။ ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များရန်ကုန်) အတွင်းရေးမှူး ကိုမြတ်ဟိန်းထွန်းက "အခုဆိုရင် ရခိုင်ပြည်အနှံ့ ကျောက်ဖြူ၊ သံတွဲ၊ စစ်တွေနဲ့ တောင်ကုတ်မြို့က ပြည်သူတွေရဲ့ အိမ်တွေမှာ အလံအနက်ရောင်တွေ ချိတ်ဆွဲနေကြပါပြီ။ ရန်ကုန်မှာလည်း ဒါကိုထောက်ခံတဲ့ သမဂ္ဂ ပေါင်းစုံက ကျောင်းသားတွေရဲ့ ရုံးခန်း နေအိမ်တွေမှာ အလံအနက်ရောင်တွေ ဆွဲထားကြပါတယ်။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကျောင်းသားတွေအနေနဲ့ ရခိုင်ကCSO တွေကို ဆက်သွယ်ပြီး ဒီ campaign ကိုပိုမို ပျံ့နှံ့အောင် ဆက်လုပ်နေပါတယ်။ ကျနော်တို့ရခိုင်တွေ လိုချင်တဲ့တရားမျှတမှုတွေ မရမချင်း ဒီcampaign ကို ဆက်လုပ်သွားမှာပါ'' လို့ ပြောပါတယ်။ လက်ရှိ  ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ  ရခိုင်ပြည်သူတွေအနေနဲ့ ရောဂါကူးစက်ခံရတဲ့ ဘေးသာမက စစ်ဘေးနဲ့ပါကြုံတွေ့နေရတာဖြစ်ပြီး  ရပ်ရွာတွေ မီးရှို့ဖျက်ဆီးခံရတာ၊ ပစ္စည်းလု မုဒိမ်းကျင့်ခံရတာတွေ  ဆက်တိုက်ခံစားနေရကာ အေအေနဲ့ တပ်မတော်တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲကာလအတွင်း အခုဆိုရင် အရပ်သား ၃၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အင်တာနက်ဖြတ်တောက်မှုတွေနဲ့ကြုံတွေ့ခဲ့ရသလို  အကြမ်းဖက်မှုတွေကို ဆန့်ကျင်ဆန္ဒပြတဲ့ကျောင်းသားတွေလည်း ဖမ်းဆီး တရားစွဲခံထားရပါတယ်။ လက်ရှိမှာတော့ အစိုးရက ရခိုင်ပြည်နယ်တခြားဒေသတွေမှာ 2 G နဲ့ စစ်တွေမှာ 3G အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးထားပြီး ကိုဗစ်-၁၉ ရောဂါနဲ့ ကာကွယ်ထိန်းချုပ် ကုသရေးနဲ့ ပတ်သက်လို့ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေတာရှိပါတယ်။  သတင်း - နွေလှိုင်း(YU)
1 year Ago
Up