close

ရက်မှန်ကြေး

close

August 18, 2022

PMG စက်ရုံလုပ်သားများ၏ ရက်မှန်ကြေးရရှိရေးတောင်းဆိုချက် အောင်မြင်

ရန်ကုန်တိုင်း ရွှေပြည်သာ စက်မှုဇုန်ရှိ PMG စက်ရုံ၊ ပုလင်းခွံသန့်စင်ဌာနက အလုပ်သမားတွေရဲ့ ရက်မှန်ကြေး ပြန်လည်ရရှိရေး သပိတ်မှောက်တောင်းဆိုချက်ကို စက်ရုံဘက်က လက်ခံလိုက်တယ်လို့ သပိတ်ဦးဆောင်သူတဦးက ပြောပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုမှုနဲ့ပတ်သက်ပြီး ဒီနေ့ နေ့လယ်က ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရုံးမှာ အပြီးသတ်ညှိနိူင်းတဲ့အခါမှာ သဘောတူညီမှုရရှိခဲ့တာလို့ ဆိုပါတယ်။

ဒီနေ့အပြီးသတ်ညှိနိူင်းမှုမှာ အလုပ်သမားတွေ နဂိုတောင်းဆိုတဲ့ လစာရဲ့ ၁၀ ရာခိုင်နှုန်းရက်မှန်ကြေး ရရှိရေး ပမာဏတော့ မရခဲ့ဘဲ အလုပ်ရှင်ဘက်က လစာရဲ့ ၅ ရာခိုင်နှုန်းပေးမယ်ဆိုတဲ့အပေါ် သပိတ်မှောက်လုပ်သားတွေက လက်ခံလိုက်ကြတာလို့ သပိတ်ခေါင်းဆောင်က ပြောပါတယ်။

အခု ညှိနိူင်းမှုမတိုင်ခင် အလုပ်သမားတွေက မူလတောင်းဆိုတဲ့ ၁၀ ရာခိုင်နူန်းကနေ ၂ ရာခိုင်နှုန်းလျှော့ပြီး လစာရဲ့ ၈ ရာခိုင်နှုန်းပေးဖို့ လျှော့ပေါ့ပေးခဲ့တာဖြစ်ပါတယ်။

“ဒီနေ့ကျ စက်ရုံဘက်ကနေ တမျိုးပြန်ညှိတယ်။ တိုင်းဦးစီးတွေကလည်း အလုပ်သမားတွေအတွက် ပိုသာတယ်၊ လက်ခံဖို့ပြောတာနဲ့ လက်ခံပေးလိုက်တယ်” လို့ သပိတ်ခေါင်းဆောင်က ပြောပါတယ်။

အခု သဘောတူညီလိုက်တဲ့ နှုန်းထားဟာ မူလတောင်းဆိုတာထက် လျော့နည်းပေမယ့် မပေးဖို့ ငြင်းဆန်ခံရတာထက်စာရင် တောင်းဆိုမှုက အောင်မြင်တယ်လို့ ဆိုပါတယ်။

PMG စက်ရုံဟာ ဌာနခွဲများစွာရှိပြီး လုပ်သားစုစုပေါင်း ၆၀၀ ကျော်နဲ့ လည်ပတ်နေတာပါ။

အခုသပိတ်မှောက်လူပ်ရှားမူမှာ ပုလင်းခွံသန့်စင်ဌာနက အလုပ်သမား ၃၇ ဦးကသာ နောက်ဆုံးအဆင့်ပါဝင်ပေမယ့် သဘောတူညီမူရတဲ့ ခံစားခွင့်ကို ကျန်အလုပ်သမားတွေပါ ရရှိမယ်လို့ သပိတ်ခေါင်းဆောင်က ပြောပါတယ်။

“ကျမက တောင်းဆိုချက်အပြည့်အဝမရလို့ ဝမ်းနည်းတယ်။ ဘာမှမရတာထက်စာရင် အခုက ကိုယ်တွေ နိုင်တယ်ဆိုတဲ့ စိတ်နဲ့ဖြေသိမ့်ရတယ်။”

12 hours Ago

October 27, 2019

ရက်မှန်ကြေးနှင့်ဥပဒေပါ အခွင့်အရေးများရရှိရန် အထည်ချုပ်အလုပ်သမားများ တောင်းဆို

ရက်မှန်ကြေးနဲ့ ဥပဒေပါ အခွင့်အရေးတွေရရေး လှိုင်သာယာ မြန်ရီအထည်ချုပ်စက်ရုံက အလုပ်သမား ၈၀၀ ကျော် စုပေါင်းတောင်းဆိုလိုက်ပါတယ်။ လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ ထဲက မြန်ရီ အထည်ချုပ်စက်ရုံက စက်ရုံဝန်ထမ်းအားလုံးနီးပါး စက်ရုံအပြင်ထွက်ပြီး တောင်းဆိုနေတာပါ။ ရက်မှန်ကြေးမရတာနဲ့ အလုပ်ချိန်ပို ၈ နာရီထက် ပိုနေတဲ့အတွက် ဥပဒေနဲ့မညီလို့ တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။  စုစုပေါင်း တောင်းဆိုချက် ၂၆ ချက်ထဲက ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ အချက် ၄ ချက် ကျန်နေတဲ့အတွက် ဆက်လက်တောင်းဆိုနေတာဖြစ်ပြီး ရက်မှန်ကြေးကိုလည်း ခွဲခွဲပေးတဲ့အတွက် အခက်အခဲ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  အလုပ်သမားတဦးဖြစ်သူ မခင်ဇာခြည်ကျော်က “၂၀၀၇ ကတည်းက အလုပ်သမားတွေကို ၃ လပြည့်ရင် ၄၈၀၀ တိုးပေးရမယ် ဆိုတာလည်း ရှိတယ်။ ပြောထားတယ်။ ခြောက်လ၊ ခုနစ်လရှိပြီ။ လုံးဝ မတိုးပေးသေးဘူး။ အခု ရက်ပျက်ရင် နေ့ကြေးပြုတ်မယ်။ ကျမတို့ အိုတီမဆင်းရင် အိုတီပြုတ်မယ်။ ဘောနပ်ပြုတ်မယ်။ တရက်ကို နှစ်သောင်းကျော် ဖြတ်တယ်”လို့ ပြောပါတယ်။ လုပ်ငန်းခွင်အတွင်းမှာလည်း စကားပြော ရိုင်းစိုင်းတဲ့ အပြုအမူတွေ ဖြေရှင်းပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံးက ဖြေရှင်းပေးပေမယ့်လည်း ပြေလည်မှုမရသေးဘဲ ၆ ရက်ကျော် စက်ရုံရှေ့မှာ တောင်းဆိုနေကြတာပါ။  အလုပ်သမားတွေဘက်ကတော့ တောင်းဆိုချက်တွေ အကုန်မရမချင်း စက်ရုံထဲ ပြန်မဝင်ဘဲ စက်ရုံရှေ့မှာ ဆက်လက်တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။ အလုပ်သမားတဦးဖြစ်သူ မဝါဝါက “နေ့စားတွေကို သူတို့က အလုပ်ထုတ်လိုက်တယ်။ အလုပ်ထုတ်လိုက်တော့ ကလေးတွေမှာ အိမ်လစာ ရှိမယ်၊ စားဖို့ နေဖို့ ရှိတယ်။ ကလေးတွေကို ခြောက်လပြည့်အထိ ခေါ်တယ်။ တပတ်ကို လေးယောက်  ဖြုတ်တယ်။ နေ့စားခကိုလည်း နေ့တိုင်း မရှင်းဘူး။ တပတ်ပြည့်မှ ရှင်းတယ်။ ကလေးတွေကို အလိုမရှိရင် အလိုမရှိသလို သူတို့က အလုပ်ထုတ်တယ်။ အဲဒီကလေးတွေကိုလည်း ၂၇၀၀ ပဲ ပေးတယ်။ အထည်ကိုလည်း တိုက်ရိုက်ပေးရတယ်”လို့ ပြောပါတယ်။ အလုပ်သမား အငြင်းပွားမှုနဲ့ ပတ်သက်ပြီး DVB က စက်ရုံဘက်ကို မေးမြန်းဖို့ ကြိုးစားပေမယ့် စက်ရုံတံခါး ပိတ်ထားတဲ့အတွက် မေးမြန်းခွင့်မရခဲ့ပါဘူး။  စက်ရုံထဲမှာ နေ့စားအလုပ်သမားတွေရှိပြီး ၃ လပြည့်ရင် ကျပ် ၄၈၀၀ ပေးမယ်လို့ စက်ရုံဘက်က ပြောဆိုထားပေမယ့် ၃ လပြည့်ပြီးနောက် အလုပ်ဖြုတ်လိုက်တဲ့အတွက်  နေ့စားသမားတွေကလည်း တောင်းဆိုနေကြပါတယ်။  စက်ရုံဘက်က အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ရှိတယ်လို့ ပြောဆိုပေမယ့်လည်း အလုပ်သမားတွေကတော့ အဲဒီစာချုပ်မှာ လက်မှတ်မထိုးရဘူးလို့ ပြောဆိုနေကြပါတယ်။
3 years Ago
Up