close

ရခိုင်တိုက်ပွဲ

close

September 17, 2022

ရခိုင်တိုက်ပွဲ “အဆုံးအဖြတ်နဲ့ အဆုံးသတ်တိုက်ပွဲ” ဟု အေအေ ဒုစစ်ဦးချုပ် ပြော

တကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်လာတဲ့ ရခိုင်ပြည်နယ်မှာ  အဆုံးအဖြတ်ပေးမယ့် အဆုံးသတ် တိုက်ပွဲအချိန် ရောက်ပြီဟု ရက္ခိုင့်တပ်တော်(အေအေ) ဒုစစ်ဦးစီးချုပ်၊ ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောကြားလိုက်ပါတယ်။

အေအေဘက်က ကြွေးကြော်ထားတဲ့  ရက္ခိတလမ်းစဉ်ကို အကောင်အထည် ဖော်ဆောင်နိုင်ဖို့ လက်ရှိ တကျော့ပြန် ပြင်းထန်လာနေတဲ့ တိုက်ပွဲတွေဟာ  “အဆုံးအဖြတ်နဲ့ အဆုံးသတ်တိုက်ပွဲ” ဖြစ်သွားမယ်လို့ ရခိုင့်တပ်တော် (အေအေ) ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က စက်တင်ဘာ ၁၆ ရက်မှာ သူရဲ့ လူမူကွန်ရက် စာမျက်နှာကနေ ရေးသားအသိပေးထားပါတယ်။

“အဆုံးသတ်နဲ့ အဆုံးအဖြတ်တိုက်ပွဲကျတဲ့အခါ ကျနော်၊ ကျမတို့ကို ပြောပါလို့ ပြောထားဖူးတဲ့ ညီလေး၊ ညီမလေးတို့ကို တိုးတိုးလေး ပြောလိုက်ပါမယ်။ အခု အဲဒီအချိန်ရောက်ပြီ။” 

အခုလို ရခိုင်ဒုစစ်ဦးချုပ် တပ်လန့်လိုက်ပြီးနောက်မှာတော့ စစ်ကြောင်းထိုးဖို့ ရောက်လာတဲ့ တပ်မ ၇၇ ကို မောင်နှမကျေးရွာမှာ ရက္ခိုင့်တပ်တော်(အေအေ)က ဒီနေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက "တပ်မ ၇၇ က မောင်နှမကျေးရွာကို ဖြတ်တဲ့အချိန် အေအေက ကြားဖြတ်ပြီး လက်နက်ကြီး ပစ်ပြီး တိုက်တာ။ အကျအဆုံးတော့ ရှိနိုင်တယ်" လို့ ပြောပါတယ်။

စစ်ကောင်စီ တပ်မ ၇၇ ဟာ စက်တာဘာ ၁၄ ရက် မနက်ပိုင်းမှာ စစ်တွေကနေ ကစ္ဆပ္ပနဒီသင်္ဘော ၂ စီးနဲ့ မောင်တောမြောက်ပိုင်းကို ရောက်ရှိလာပြီး စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ရက္ခိုင်တပ်တော်ရှိရာ ဖားဝပ်ချောင်းကျေးရွာဘက်ကို မသွားဝံတော့ဘဲ ဒါးကြီးစား၊ မျောတောင်ကျေးရွာဘက်က ပတ်ပြီး စစ်ကြောင်းတက်သွားတာလို့ မျက်မြင်ဒေသခံ တဦးက ပြောပါတယ်။

အဲဒီ မောင်နှမကျေးရွာ၊ ဒကြီးစား၊ မျောတောင်စတဲ့ ရွာကြီးတွေဟာ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုဖြစ်ချိန်က မြန်မာစစ်တပ်က မီးရှို့တိုက်ခိုက်တာခံခဲ့ရပါတယ်။

ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော်(အေအေ)တို့ ပြီးခဲ့တဲ့လကစလို့ တကျော့ပြန်တိုက်ပွဲ တွေ ဖြစ်ပွားနေပြီး ရခိုင့်တပ်တော်(အေအေ)က မောင်တောမြို့နယ်မှာရှိတဲ့ တပ်စခန်းတချို့ကို တိုက်ခိုက်သိမ်းပိုက်ထားသလို စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာလည်း ရှိလာနေပါတယ်။

ရခိုင်ပြည်နယ်အတွင်း အရင်ထဲက နေရပ်စွန့်ခွာပြီး အိမ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် ၈၀၀၀၀ လောက်ရှိပြီး အခုလို တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် နောက်ထပ် လူဦးရေ ၆၀၀၀ လောက် စစ်ဘေးရှောင်စခန်းတွေမှာ လာရောက် ခိုလှုံနေကြရပါတယ်။

13 hours Ago

February 18, 2020

ရခိုင်တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်တွင် ရိက္ခာ ပြတ်လပ်နေ

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေတို့အကြား အပြင်းအထန်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရိက္ခာတွေ ပြတ်လပ်နေပြီလို့ မြို့မိမြို့ဖ တယောက်က ပြောပါတယ်။ ပလက်ဝမြို့နယ်ဟာ လမ်းပန်းဆက်သွယ်ရေးအရ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နဲ့ပဲ ရေကြောင်းခရီး အဆက်အသွယ်လုပ်နေတာဖြစ်ပြီး လတ်တလောမှာတော့ တိုက်ပွဲတွေကြောင့် ဆက်သွယ်ရေးလည်း ပြတ်တောက်နေပါတယ်။ “ဒီနေ့ဆိုရင် ၁၄ လောက်ရှိပြီ။ အသွားအလာမလုပ်ရတာ။ ကုန်ပစ္စည်းတွေအားလုံးကတော့ ဈေး နှစ်ဆကျော် တက်သွားတယ်။ ဒါပေမယ့် ဆန်ဆိုင်တွေကတော့ ရောင်းစရာမရှိလို့ ပိတ်ကုန်ပြီ လို့ မြို့ခံတဦးက ပြောပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိုလှောင်ထားတဲ့ ဆန်တွေကို ထုတ်ရောင်းပေးခဲ့ပြီး ခုတော့ ကုန်သွားပြီလို့လည်း သူက ပြောပါတယ်။ ဒါကြောင့် ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရကို တင်ပြဖို့ အထွေထွေအုပ်ချုပ်ရေးဌာနက လုပ်နေတယ်လို့လည်း ဆိုပါတယ်။ မြို့ပေါ်မှာ စားနပ်ရိက္ခာတွေပြတ်လပ်ရင်တော့ ပလက်ဝမြို့နယ်ထဲက ရွာတွေဟာလည်း ပြတ်လပ်နိုင်ဖွယ် ရှိနေပါတယ်။ မြို့ပေါ်မှာပေးတဲ့ လျှပ်စစ်မီးကိုလည်း ဒီဇယ်ဆီခြွေတာတဲ့အနေနဲ့ အချိန် ၁ နာရီလျှော့ထားပြီး အခုဆို တညကို ၃ နာရီကြာပဲ မီးပေးနေပါတယ်။ ပလက်ဝမြို့ဟာ အင်တာနက်ဖြတ်တောက်ခံထားရသလို သွားလာဆက်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ ရေကြောင်းခရီးမှာလည်း တိုက်ပွဲတွေကြောင့် ခရီးသည်တွေ ထိခိုက်ဒဏ်ရာရခဲ့ဖူးပါတယ်။
3 years Ago
Up