close

ရခိုင်တိုင်းရင်းသားများ

close

April 10, 2023

ရက္ခိုင့်တပ်တော် ၁၄ နှစ်ပြည့်နေ့ နိုင်ငံတကာရောက် ရခိုင်တိုင်းရင်းသားများကျင်းပ

ဧပြီလ ၁၀ ရက်မှာ ကျရောက်တဲ့ ရက္ခိုင့်တပ်တော် (အေအေ) တည်ထောင်ခြင်း  ၁၄ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွေကို နိုင်ငံတကာရောက် ရခိုင်တိုင်းရင်းသားတွေက ရောက်ရှိနေတဲ့ နိုင်ငံတွေအသီးသီး ကျင်းပခဲ့ကြပါတယ်။ 

ဧပြီ ၉ ရက်နေ့မှာ ထိုင်း၊ မလေးရှားနဲ့ ဂျပန်နိုင်ငံတွေမှာ ကျင်းပခဲ့ပြီး တခြားနိုင်ငံတွေမှာလည်း ဧပြီ ၁၀ ရက်နေ့မှာ ကျင်းပဖို့ရှိတယ်လို့  ပြည်ပရောက်  ရခိုင်အမျိုးသားတဦးက ပြောပါတယ်။

ဂျပန်နိုင်ငံမှာတော့ ရခိုင်အမျိုးသမီးတွေက ရက္ခိုင့်ရိုးရာအကတွေနဲ့ ကပြဖျော်ဖြေကြပြီး ရခိုင်သီချင်းတွေသီဆိုကြတာ၊ ကံစမ်းမဲဖောက်တာစတဲ့ အစီအစဉ်တွေနဲ့ ကျင်းပခဲ့ပြီး မလေးရှားနိုင်ငံမှာလည်း ရခိုင်အဆိုတော်တွေကို ဖိတ်ခေါ်ပြီး ဂီတ ဖျော်ဖြေခဲ့ကြပါတယ်။

အလားတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာလည် ရက္ခိုင့်တပ်တော် ၁၄ နှစ် မြောက်အခမ်းအနားကျင်းပခဲ့ရာမှာ အေအေတပ်ဖွဲ့ရဲ့ ဗိုလ်မှူးကြီးကျော်ဟန်က အွန်လိုင်းကနေ  မိန့်ခွန်း​ပြောကြားခဲ့ ပါတယ်။

ရက္ခိုင့်တပ်တော်ကို ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်က ကချင်ပြည်နယ်  ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ စတင်တည်ထောင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီ ၁၀ ရက်မှာ   ၁၄ နှစ် ပြည့်တာဖြစ်ပါတယ်။

လက်ရှိမှာ အေအေအဖွဲ့ဟာ လက်နက်အင်အား လူအင်အားခိုင်မာ အားကောင်းလာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်ရပ်တည်နိုင်ပြီဖြစ်ပြီး  မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ လက်တွဲကာ စစ်အာဏာရှင်ပြုတ်ကျရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ အေအေတို့အကြား မကြာသေးခင်လပိုင်းက ယာယီ အပစ်အခတ်ရပ်စဲထားပေမဲ့ စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ ဒေသခံ  ရခိုင်နိုင်ငံရေး လေ့လာသူ တဦးက သုံးသပ်ပြောပါတယ်။

"စစ်ရေးကတော့ တင်းမာနေဆဲလို့ လေ့လာသိရှိရတယ်ဗျ။ ဘာအတွက်လဲဆိုတော့ အပစ်ရပ်တာက ရပ်ထားတယ်။ စစ်ကောင်စီက အေအေကို ငွေထောက်ပံ့တဲ့ ရခိုင်လုပ်ငန်းရှင်တွေကို သိမ်းသွင်းတားဆီးနေတယ်။ အေအေနဲ့ ပတ်သက်သူတွေကို လိုက်ဖမ်းနေတယ်။ အကုန်ထွက်ပြေးနေကြရတယ်။ နောက်ပြီး စစ်အင်အားအလုံးအရင်း ဖြည့်တင်းနေတယ်။ စစ်အင်အားဖြည့်တာကို မသိရအောင် တပ်အပြောင်းအလဲပုံစံမျိုးလုပ်ပြီး တိုးချနေတယ်ဆိုတော့ မကြာခင် တိုက်ပွဲကတော့ ဖြစ်လာမှာသေချာတယ်။”

ရက္ခိုင့်တပ်တော်ရဲ့ ၁၄ နှစ် မြောက်အခမ်းအနားတွေကို မြန်မာပြည်တွင်း ရက္ခိုင့်တပ်တော် စစ်ဒေသအသီးသီးမှာလည်း ကျင်းပပါတယ်။

ဓာတ်ပုံ- ABN

3 mins Ago

November 15, 2020

ရန်ကုန်တွင် အခက်အခဲဖြစ်နေသည့် ရခိုင်တိုင်းရင်းသားများကို ပထမဆုံးအကြိမ် နေရပ်ပြန်ခေါ်

ရန်ကုန်မှာ ကိုဗစ်ကာလ စက်ရုံအလုပ်အရုံတွေ ရပ်နားလိုက်တာကြောင့် နေထိုင်စားသောက်ရေး အခက်အခဲကြုံနေရတဲ့ ရခိုင်ရွှေ့ပြောင်းလုပ်သားအချို့နဲ့ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်နိုင်ရေး အခက်အခဲဖြစ်နေသူတွေကို နိုဝင်ဘာ ၁၃ ရက်နေ့ညနေက ပထမဆုံးအကြိမ် ရန်ကုန် လေးဝတီကုလရက္ခိတအသင်းက ဦးဆောင်ကာ နေရပ် ပြန်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ အခုလို ရန်ကုန်မှ မိမိနေရပ်ကို ပြန်လည်လာရောက်မဲ့သူတွေ လက်ခံနိုင်ရေးအတွက် သက်ဆိုင်ရာဌာနတာဝန်ရှိသူ အသီးသီးကို တင်ပြကာခေါ်ယူခဲ့တာဖြစ်သလို ရောက်ရှိလာတဲ့သူတွေကိုလည်း ကျန်းမာရေးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ကွာရန်တင်းထားရှိပြီး နေထိုင်စားသောက်ဖို့အတွက်ကိုလည်း ကျောက်ဖြူမြို့ လေးဝတီကုလရက္ခိတပရဟိတအသင်းနဲ့ ဘောလန်ဒီယမ်အဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ထားတယ်လို့ ကျောက်ဖြူမြို့ လေးဝတီကုလရက္ခိပရဟိတအသင်း ဥက္ကဋ္ဌ ကိုဂျပန်ကြီးက ပြောပါတယ်။ ရန်ကုန်မှ နေရပ်ပြန်လာကြတဲ့သူတွေထဲမှာ ကျောက်ဖြူမြို့နယ်က ၇၄ ဦးနဲ့ ရမ်းဗြဲမြို့နယ်က ၅၁ ဦးတို့ပါဝင်ပြီး ရန်ကုန်က ခရီးသည်တင်မော်တော်ယာဉ်တွေနဲ့ ပထမဆုံးအကြိမ်ခေါ်ယူခဲ့တာပါ။ နေရပ်ပြန်ရောက်ရှိလာသူတွေအနေနဲ့ ကွာရန်တင်းစင်တာမှာ ၁ ပတ်လောက် နေထိုင်ရမှာဖြစ်ကာ ကိုဗစ်-၁၉ ရောဂါရှိမရှိ ၂ ကြိမ် စစ်ဆေးခံယူရမယ်လို့ ဆိုပါတယ်။ သတင်း - နောင်နောင်  
2 years Ago
Up