close

ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲ

close

April 13, 2022

မောင်တောမြို့ ၌ ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ သင်္ကြန်ကာလ ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲကို ဧပြီ ၁၃ ရက် မနက်က ကျင်းပပါတယ်။

အခုလို ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲ စည်စည်ကားကား ပြုလုပ်ရတာ အရမ်းဝမ်းသာမိတယ်လို့ မောင်တောဒေသခံတဦးက ပြောပါတယ်။

ပွဲကျင်းပရေး ကော်မတီဝင်တဦးက “ဟုတ်ပါတယ်၊ မောင်တောမှာ ရခိုင်ရိုးရာ နံ့သာသွေးပွဲကို ပထမဆုံးအကြိမ် ကျင်းပတာပါ။ ရခိုင်ရိုးရာ နံ့သာသွေးပွဲကတော့ ရခိုင်ဘုရင်တွေ လက်ထက်ကတည်းက ပြုလုပ်ခဲ့ကြတာဖြစ်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက မောင်တောမြို့မှာ ရခိုင်ရိုးရာ သင်္ကြန်ပွဲကို အထူးစည်ကားအောင် ပြုလုပ်နေသလို နံ့သာသွေးပြိုင်ပွဲ ကျင်းပတာဟာလည်း တစိတ်တပိုင်းဖြစ်ပါတယ်။

ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲကို ပညာရေး၊ ကျန်းမာရေး၊ ထွေအုပ်၊ ရွှေဇား၊ မြို့မမြောက် စတဲ့ အသင်း ၅ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပထမဆု တသိန်းကျပ်၊ ဒုတိယဆု ခုနှစ်သောင်း၊ တတိယဆု ငါးသောင်းနဲ့ နှစ်သိမ့်ဆုတွေ ပါဝင်တယ်လို့ သိရပါတယ်။

စစ်ဘေးနဲ့ ကပ်ရောဂါဘေးကြောင့် မောင်တောမြို့မှာ သင်္ကြန်ပွဲတော်ကို စည်စည်ကားကား မကျင်းပနိုင်တာ သုံးနှစ်လောက်ရှိနေပြီဖြစ်ပါတယ်။ 

56 seconds Ago
Up