close

ရခိုင်သင်္ကြန်

close

April 13, 2022

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် အေအေ တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ်၊ သင်္ကြန်ကာလ ဧပြီ ၁၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် (အေအေ) တို့ မြေပုံမြို့နယ် ဝက်ခေါင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဟုတ်ပါတယ်။ ဒီနေ့ မွန်းတည့်ပိုင်းမှာ စဖြစ်တာ။ မြေပုံမြို့ ဝက်ခေါင်းကျေးရွာအနီးရဲ့ တောင်ဘက်က ဆေးခန်းတခုအနီးမှာ စစ်ကောင်စီတပ်နဲ့ AA တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်” လို့ မြေပုံမြို့နဟ် ဝက်ခေါင်းကျေးရွာသားတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်ကတည်းက မြေပုံမြို့နယ် ဝက်ခေါင်းကျေးရွာအနီးမှာ အင်အား ၃၀ လောက်နဲ့ စစ်ကောင်စီတပ် တပ်စွဲထားတဲ့နေရာကို AA ဘက်က ဒီနေ့မွန်းတည့် ဝင်ရောက်လာရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် ဒေသခံတွေ စိုးရိမ်နေကြပြီး နှစ်ဖက် ထိခိုက်ဒဏ်ရာရမှု ရှိမရှိ မသိရသေးပါဘူး။

စစ်တွေမြို့ ငပွန်းချေကျေးရွာ ရာအိမ်မှူး ၂ ဦးဖြစ်ကြတဲ့ ဦးဆီးဒီးအာမတ်နဲ့ ဦးအာဒူးရှုးကူးတို့ကို အေအေနဲ့ ဆက်သွယ်တယ်ဆိုပြီး ဧပြီ ၉ ရက်က ဖမ်းဆီးခဲ့သလို စစ်တွေမြို့ တောကန်ကျေးရွာရှိ အေအေ တရားစစ်ဆေးရာ နေအိမ်တအိမ်ကိုလည်း ရဲတပ်ဖွဲ့ဝင်လေးဦးနဲ့ စစ်တပ်အင်အား ၂၀ လောက်က ဝင်ရောင်ရှာဖွေခဲ့ကြပါတယ်။

တောကန်ကျေးရွာ ဒေသခံတဦးက "ဟုတ်ပါတယ်၊ တောကန်ကျေးရွာက တရားစစ်ဆေးတဲ့နေအိမ်ကို စစ်ကောင်စီက ဝင်စစ်တာ၊ နောက် အနီးအနားက တရားစစ်ဆေးတဲ့ နေရာ ၃ ခုအထိ ရွှေ့ပေးလိုက်ရပါတယ်လို့ သိရပါတယ်" လို့ ဆိုပါတယ်။

နေရာပြောင်းရွှေ့လိုက်ရတဲ့ တရားစီရင်ရေးနေရာကတော့ ဝါဘိုကျေးရွာ၊ တောကန်ကျေးရွာနဲ့ ကူးတို့ဆိပ်ကျေးရွာ ၃ ခုဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်ကို ပြောင်းရွှေ့ခဲ့တာပါ။

အဲဒီဒေသမှာ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့အတွက် ကျေးရွာသားတွေ စိုးရိမ်မှု မြင့်မားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရခိုင်သင်္ကြန်ကာလအတွင်း စည်းကမ်းကြီးကြပ်ဖို့ ဒေသပါတီ ကော်မတီတွေကို AA က ညွှန်ကြားထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ - AA)

12 hours Ago

April 9, 2022

ရခိုင်သင်္ကြန် လုံခြုံရေးအထူးသတိထားရန် တိုက်တွန်း

ရခိုင်ပြည်နယ်မှာ ဧပြီ ၁၃ ရက်နေ့ စတင်မယ့် သင်္ကြန်ပွဲတော်ကို လုံခြုံရေးအထူး သတိထားကျင်းပကြဖို့   မြို့မိမြို့ဖတွေက တိုက်တွန်းပြောပါတယ်။

စစ်တွေမြို့ခံ လူကြီးတဦးက “သတိထားဖို့လိုအပ်မယ်။ ဘာအတွက်လဲဆိုတော့ ပြည်မဘက်မှာ သင်္ကြန်မရှိတော့ ရခိုင်ကိုသင်္ကြန်လာချင်တဲ့သူတွေ များလာမယ်။ အဲဒီလိုလူများတာကို အခွင့်အရေးယူပြီး ပြဿနာတွေဖြစ်အောင်ဖန်တီးမှုတွေ မရှိလာနိုင်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး။"လို့ ပြောပါတယ်။

စစ်တွေမြို့မှာ ဗဟိုမဏ္ဍပ်အပါအဝင် အစိုးရရဲ့စီမံမှုနဲ့ ရခိုင်ရိုးရာ မိဇံမဏ္ဍပ်၊ တပ်မိသားစုတွေကလုပ်မယ့် (ဒ.က.စ) မဏ္ဍာပ်နဲ့ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပမှာဖြစ်သလို လမ်းလျှောက်သင်္ကြန်ပါကျင်းပမှာဖြစ်လို့ အထူးစည်ကားပြီး မလိုလားအပ်တဲ့ ဖောက်ခွဲ ပစ်ခတ်မှုတွေ ဖြစ်လာမှာကို  စစ်တွေဒေသခံတွေ စိုးရိမ်နေကြတာပါ။

ရခိုင်ဒေသရှိ အေအေထိန်းချုပ်နေရာတွေနဲ့ အေအေအခြေစိုက်ရာ စစ်ဒေသချုပ်နယ်မြေတွေမှာ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပသွားဖို့ရှိတယ်လို့ ပြန်ကြားရေးတာဝန်ခံခိုင်သုခက ဧပြီ ၅ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရခိုင်ဒေသခံလူတစ်ဦးက "ဒီနှစ်မှာ ရခိုင်ပြည်နယ်က ခရိုင်နဲ့ မြို့နယ်တွေမှာ စစ်ကောင်စီကလည်း သင်္ကြန်ပွဲစည်ကားစွာ လုပ်နေတယ်။ ရခိုင်ပြည်သူအာဏာပိုင်အဖွဲ့ကလည်း စည်ကားစွာလုပ်လာကြတယ်ဆိုတော အပြိုင် အဆိုင်သဘောမျိုးဖြစ်လာပြီး သင်္ကြန်ပွဲမှာ တဘက်နဲ့ တဘက် ပြဿနာတွေဖြစ်လာကြမှာ စိုးရိမ်မိတယ်ဗျ"လို့ သုံးသပ်ပြောပါတယ်။

5 days Ago
Up