ဘာစီလိုနာ တိုက်စစ်မှူး အဂွဲရိုးဟာ ရင်ဘတ်အောင့်တဲ့ ဝေဒနာ ခံစားနေရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာ ဘောလုံးလောကကနေ အနားယူရတဲ့အထိ ဖြစ်သွားနိုင်တယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။
အောက်တိုဘာက အဲလ်ဗက်စ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာ အဂွဲရိုးကို ဆေးရုံတင်ခဲ့ရပါတယ်။
နောက်ပိုင်း သူ့ကျန်းမာရေးအခြေအနေကို ရှင်းရှင်းလင်းလင်းမသိရဘဲ အခုတော့ ပိုပြီး ရှုပ်ထွေးလာတဲ့ ကျန်းမားရေးပြဿနာတွေကြောင့် ဘောလုံးလောက ကနေ အနားယူဖို့အထိ ဖြစ်လာနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ရေးသားနေကြပါတယ်။
အသက် ၃၃ နှစ်အရွယ် အဂွဲရိုးဟာ ဘာစီလိုနာအသင်းကို မပြောင်းလာခင်မှာ မန်စီးတီးမှာ ကစားခဲ့ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လက ဘာစီလိုနာကို ရောက်လာပြီး အသင်းအတွက် စုစုပေါင်း ၅ ပွဲ ကစားပေးထားပါတယ်။