close

ရတနာပုံ နည်းပညာတက္ကသိုလ်ကျောင်းသား

close

November 3, 2021

ရတနာပုံ နည်းပညာတက္ကသိုလ် ကျောင်းသား ၁ ဦး ဖမ်းဆီးခံရ

နည်းပညာတက္ကသိုလ် ( ရတနာပုံ ဆိုင်ဘာစီးတီး ) 5th Batch မှ Advanced Materials Engineering (အဆင့်မြင့်ဒြပ်ပစ္စည်း အင်ဂျီနီယာ) မေဂျာ တက်​ရောက်​နေ​တဲ့ ကျောင်းသား  ကိုမျိုးသူနိုင်ကို နိုဝင်ဘာ ၂  ရက် ညသန်းခေါင်လောက်က စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားခဲ့ပါတယ်။

ကိုမျိုးသူနိုင်ကို မိတ္ထီလာမြို့ရှိ နေအိမ်မှာ အကြမ်းဖက် စစ်​ကောင်စီ တပ်သား ၂၀​ ကျော် က လာ​ရောက် ဖမ်းဆီး​ခေါ်​ဆောင်သွားတာဖြစ်ပြီး ဘယ်ကို ခေါ်ဆောင်သွားတယ်ဆိုတာတော့ လတ်တလော မသိရသေးပါဘူး။

ကိုမျိုးသူနိုင်ရဲ့ အခန်းထဲက စာရွက်စာတမ်းတွနဲ့ လက်ကိုင်ဖုန်းတွေကိုလည်း မွှေ​နှောက်ရှာ​ဖွေ သိမ်းဆည်းသွားတယ်လို့ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) ကျောင်းသားသမဂ္ဂကနေ သိရပါတယ်။

10 mins Ago
Up