close

ရတ်ရှ်ဖို့

close

November 28, 2022

ရော်နယ်ဒိုသည် လေးစားအားကျရသည့် ကစားသမားဖြစ်ဟု ရတ်ရှ်ဖို့ဒ် ပြော

ခရစ္စတီယာနို ရော်နယ်ဒိုဟာ သူ့ရဲ့ အိုင်ဒေါတယောက်ဖြစ်တယ်လို့ မန်ချက်စတာယူနိုက်တက် အင်္ဂလန်တိုက်စစ်မှူး ရတ်ရှ်ဖို့ဒ်က တနင်္ဂနွေနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုသွားပါတယ်။

မန်ယူနိုက်တက်အသင်းမှာ ရော်နယ်ဒိုဟာ သူ လေးစားအားကျရတဲ့ ကစားသမားဖြစ်ပြီး သူနဲ့အတူတူ ကစားခွင့်ရတဲ့အတွက် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရော်နယ်ဒိုဟာ အသင်းနဲ့ နည်းပြအပေါ် လူသိရှင်ကြား ဝေဖန်ပြီး နောက်ပိုင်းမှာ နှစ်ဖက် သဘောတူညီချက်နဲ့ စာချုပ်ဖျက်သိမ်းထားပါတယ်။ ဒါကြောင့် ရော်နယ်ဒိုဟာ လောလောဆယ်မှာ အသင်းလက်မဲ့ ဖြစ်နေပါတယ်။

“မန်ချက်စတာယူနိုက်တက်မှာ ရော်နယ်ဒိုရှိနေစဉ် ကာလတွေအတွက် ကျနော်တို့ ကျေးဇူးတင်ရမှာဖြစ်သလို သူ့ကစားသမားဘဝ ရှေ့ဆက် အကောင်းဆုံးတွေဖြစ်ဖို့ ဆုတောင်းပေးပါတယ်” လို့လည်း ရတ်ရှ်ဖို့ဒ်က ပြောပါတယ်။

အင်္ဂလန်ဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ အီရန်ကို ဂိုးပြတ်နဲ့ အနိုင်ရထားပြီး အမေရိကန်အသင်းနဲ့ ဂိုးမရှိ သရေကျထားပါတယ်။ အင်္ဂလန်ဟာ အင်္ဂါနေ့မှာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဝေးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

2 mins Ago
Up