close

ရထားကုမ္ပဏီ

close

April 5, 2022

တရုတ်-လာအိုရထားလမ်း ခရီးသည်နှင့် ကုန်စည် တန်ချိန် သန်းချီသယ်ဆောင်နိုင်ခဲ့ဟု ရထားကုမ္ပဏီပြော

တရုတ်-လာအို ရထားလမ်းဟာ ၂၀၂၁ ဒီဇင်ဘာမှာ စတင်ပြေးဆွဲတည်းက ခုထိ ခရီးသည် ၂ ဒသမ ၂၅ သန်းနဲ့ ကုန်စည်တန်ချိန် ၁ ဒသမ ၃၁ သန်း သယ်ယူပို့ဆောင်ခဲ့ပြီးပြီလို့ တရုတ်အစိုးရ ရထားလုပ်ငန်းစုကုမ္ပဏီက ပြောပါတယ်။

လောလောဆယ်ထိ တရုတ်နိုင်ငံထဲက ရထားလမ်းပိုင်းမှာ ပျမ်းမျှ လူစီးရထား ၂၃  စီးဟာ နေ့တိုင်း ခုတ်မောင်းနေပြီး လာအိုနိုင်ငံပိုင်းမှာတော့ နေ့တိုင်း ပျမ်းမျှ ရထား ၂ စီး ပြေးဆွဲနေတာပါ။

“ကောင်းကောင်း စီစဉ်ထားတဲ့ အချိန်ဇယားနဲ့ ဘာသာစကားစုံဝန်ဆောင်မှု ပေးပြီး သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ ထိရောက် အဆင်ပြေတဲ့ ရထားလမ်းဟာ လမ်းကြော တလျှောက်က ခရီးသည်တွေအတွက် လူကြိုက်များတဲ့ သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်လာနေတယ်” ကုမ္ပဏီဘက်က ဆိုပါတယ်။

ခုအချိန်အထိ ကုန်ရထားပေါင်း ၂,၀၂၃ စီးက ကုန်စည်တန်ချိန် ၁ ဒသမ ၃၁ သန်းကျော်ကို တင်ဆောင်ပြီး ဒီရထားလမ်းပေါ်ကနေ ခုတ်မောင်းခဲ့ ပြီးပါပြီ။

တရုတ်လာအို ရထားလမ်းဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းကနေ လာအိုမြို့တော် ဗီယန်ကျန်းထိ ဆက်သွယ်ထားပါတယ်။

ဒါဟာ ၂ နိုင်ငံကြား ပူးတွဲ တည်ဆောက် ခုတ်မောင်းတဲ့ ပထမဆုံး နိုင်ငံခြား ရထားလမ်းလည်း ဖြစ်ပါတယ်။

၁၀၃၅ ကီလိုမီတာရှည်တဲ့ ဒီရထားလမ်းဟာ တရုတ်ရဲ့ ခါးပတ်တကွင်း လမ်းတစင်း ပူးပေါင်းဆောင်ရွက်ရေးရဲ့ အထင်ကရစီမံကိန်း ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှာ စတင် ပြေးဆွဲတဲ့ ရထားလမ်းလည်း  ဖြစ်ပါတယ်။

44 seconds Ago
Up