အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်မြောက်ပိုင်းမှာ ရထားတစီး လမ်းချော်ခဲ့လို့ စက်တင်ဘာ ၂၅ ရက်အထိ စာရင်းအရ လူ ၃ ယောက်ထက် မနည် သေဆုံးပြီး အယောက် ၅၀ ထက် မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံအုပ်ချုပ်ရေးမှူးရုံး အရာရှိကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အမျိုးသားခရီးသည်တင်ရထားကော်ပိုရေးရှင်း အမ်ထရက်ရဲ့ ရထားက သံလမ်းကနေ ချော်ထွက်သွားအပြီး တိမ်းမှောက်ခဲ့လို့ လူတွေ ရထားထဲမှာ ပိတ်မိကုန်တယ်လို့လည်း ပြောပါတယ်။
လမ်းချော်ရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ ဂျိုပလင်မြို့အနားမှာ ရထားတွဲ ငါးတွဲ လမ်းချော်ချိန်မှာ ရထားပေါ်မှာ ခရီးသည် ၁၄၇ ယောက်နဲ့ ရထားဝန်ထမ်း ၁၃ယောက် ပါတယ်လို့ အမ်ထရက်ခ်က ပြောပါတယ်။
ရထားဟာ ချီကာဂိုမြို့ကနေ ဆီယက်တယ်မြို့ဆီ ဦးတည်မောင်းတုန်း လမ်းချော်ခဲ့တာလို့ မီဒီယာတွေက ဖော်ပြပါတယ်။