close

ရနောင်းမြို့

close

December 11, 2021

ရနောင်းမြို့တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၆ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ နေအိမ်တစ်လုံးကို ဒီဇင်ဘာ ၁၀ ရက်နေ့က တရားမဝင် ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ၁၆ ယောက်နဲ့  သူတို့ကို ကူညီပေးတယ်လို့ ယူဆရတဲ့ ထိုင်းလူမျိုး ၃ ယောက်ကို ထိုင်းစစ်သားတွေက ခြေရာခံလိုက်လာပြီး ဖမ်းဆီးခဲ့တယ်လို့  The Nation ထိုင်းသတင်းမှာ ဖော်ပြပါတယ်။  

စစ်ဆေးမေးမြန်းမှုအတွင်း သူတို့ဟာ မြန်မာနိုင်ငံ ကော့သောင်းမြို့ကနေ ထိုင်းနိုင်ငံ နယ်စပ် ရနောင်းမြို့ကို ထွက်လာပြီးတော့ စောင့်ဆိုင်းနေတဲ့ မော်တော်ဆိုင်ကယ်တွေကနေ အဲ့ဒီအိမ်အထိ ပို့ဆောင်ပေးတာလို့ ဝန်ခံပြောပြပါတယ်။ 

ထိုင်းဘက်ကို တရားမဝင်လာရောက်ဖို့ တယောက်ကို ဘတ် ၂၅၀၀၀ စီ ပေးဆောင်ခဲ့ရတယ်လို့ အဖမ်းခံရသူတွေက  ပြောပါတယ်။ 

ဖမ်းဆီးခံရသူတွေကို မူဝမ်-ရနောင်းရဲစခန်းကို မလွှဲပြောင်းမီ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ စစ်ဆေးခဲ့ ပါတယ်။

ဓာတ်ပုံ- The Nation

4 mins Ago

November 9, 2019

မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ထိုင်းတာဝန်ရှိသူများ ကော့သောင်းပြန်ပို့

ထိုင်းနိုင်ငံအတွင်း အထောက်အထား မခိုင်လုံတာကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကနေတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ကို နိုဝင်ဘာလ ၈ ရက်နေ့က ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ ပြန်ပို့လာတဲ့ ရွှေ့ပြောင်းအလုပ်သမား ကျား ၉၅ ဦး၊ မ ၁၃ ဦး၊ ကလေး ၂ ဦး၊ စုစုပေါင်း ၁၁၀ ဦးကို ထိုင်းတာဝန်ရှိသူတွေက မြန်မာဘက်ခြမ်း ကော့သောင်းကို ပြန်လည်ပို့ဆောင်ပေးခဲ့တာပါ။ မြန်မာအလုပ်သမား မနီနီက “ကျမတို့မှာ ယာယီအစိမ်းရောင် CI စာအုပ်လည်းရှိ၊ အလုပ်လုပ်ခွင့်လက်မှတ်လည်း ရှိ၊ ဆေးကုသခွင့် ဆေးရုံဘတ်လည်း ရှိပါတယ်။ ဖူးကစ်က အလုပ်ရုံဟောင်းမှာ တနှစ်ကျော်လုပ်ပြီး ကားတပ်ဆင်အလုပ်ရုံက အလုပ်သမား လျှော့တဲ့အတွက် အလုပ်ရုံသစ်ကို ဝင်လုပ်တာ ၃ ရက်ပဲ ရှိပါသေးတယ်။ လိုအပ်တဲ့ အလုပ်အဝင်အထွက် စာရွက်စာတမ်းတွေ ဆောင်ရွက်နေချိန်မှာ ရဲတွေက ဝင်ရောက်စစ်ဆေးပြီး အလုပ်ရှင်မတူဘူးဆိုပြီး  ရဲဌာနက ဖမ်းဆီးပြီး တရားရုံးတင်ခဲ့ပါတယ်။ ဖူကစ်တရားရုံးက အလုပ်ရှင် မတူညီတဲ့အတွက်ကြောင့် ဒဏ်ငွေ ၂၀၀၀ ဘတ် ချမှတ်ပါတယ်။” ပြန်လည် ရောက်ရှိလာတဲ့သူတွေကို စနစ်တကျ စာရင်းကောက်ယူပြီး နေရပ်ပြန်နိုင်ဖို့ သက်ဆိုင်ရာတွေက မော်တော်ယာဉ်တွေ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။ လတ်ကိုကိုဦး
2 years Ago
Up