close

ရန်ကင်းမြို့နယ် အခွန်ရုံး

close

October 2, 2021

ရန်ကင်းမြို့နယ် အခွန်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ စိမ်းလဲ့မြေရိပ်သာလမ်းရှိ အခွန်ဦးစီးဌာနရုံးမှာ အောက်တိုဘာ ၁ ရက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခွန်ဦးစီးဌာနရုံးမှ အခွန်ဝန်ထမ်းတွေက စစ်ကောင်စီအလိုကျ လုပ်ငန်းရှင် ပြည်သူတွေဆီက အတင်းအကျပ် အဓမ္မ အခွန်ငွေ ကောက်ခံနေတဲ့အတွက် လက်လုပ်ဗုံးနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ Free Tiger Ranger အဖွဲ့က အတည်ပြုထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ အခွန်ကောက်ခံမှုကို လုပ်ငန်းရှင်ပြည်သူတွေအနေနဲ့ မလိုက်နာကြဖို့နဲ့ အာဏာရှင်အလိုကျ တာဝန်ထမ်းဆောင်နေတဲ့ မြို့နယ်အခွန်ဦးစီးမှူးအပါအဝင် ဝန်ထမ်းအားလုံးအနေနဲ့ ပြည်သူတွေထံက  ဆက်လက်အဓမ္မ ကောက်ခံနေပါက သူတို့ရဲ့ အသက်အန္တရာယ်နဲ့ မိသားစုလုံခြုံရေးကို  တာဝန်မယူကြောင်းလည်း သတိပေးထားပါတယ်။  

ရန်ကုန်တိုင်းဒေသအတွင်းရှိ ကျန်ရှိတဲ့ အခွန်ရုံးတွေကို  Free Tiger Ranger အဖွဲ့က ဆက်လက် ဖောက်ခွဲတိုက်ခိုက်သွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

2 mins Ago
Up