close

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ

close

November 8, 2021

ထန်တလန်အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ငွေကျပ် ၁၂ သိန်းလှူဒါန်း

စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့က စစ်ဘေးရှောင်  ပြည်သူတွေအတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ငွေ ကျပ် ၁၂ သိန်း လှူဒါန်းခဲ့ပါတယ်။

ထန်တလန်မြို့အတွက် ထောက်ပံ့ငွေပေးပို့လှူဒါန်းနိုင်ဖို့ ရန်ကုန်တက္ကသိုလ်ကျောင်းသား များသမဂ္ဂက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျောင်းသားကျောင်းသူ တွေဆီ အလှူငွေကောက်ခံခဲ့ပြီး ၁,၀၄၂,၆၀၀ ကျပ်ရရှိခဲ့ကာ သမဂ္ဂမှ ရန်ပုံငွေ ၁၅၇,၄၀၀ ကျပ် မ,တည်ပြီး ထောက်ပံ့ငွေစုစုပေါင်း ကျပ် ၁၂ သိန်းတိတိကို လှူဒါန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတပ်ဖွဲ့တွေကြား တိုက်ပွဲတွေစတင်ခဲ့တာ လနဲ့ချီကြာမြင့်နေခဲ့ပြီဖြစ်ကာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်သောင်းချီ နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ ထန်တလန်မြို့ရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေကြောင့် ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် လူ နေအိမ်ခြေ ရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

7 mins Ago

August 27, 2020

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ''အိုးဝေ''မဂ္ဂဇင်း ပြန်လည်ထုတ်ဝေမည်

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက အိုးဝေမဂ္ဂဇင်းကို ပြန်လည်ထုတ်ဝေဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မဂ္ဂဇင်း ပြန်လည်ထုတ်ဝေမယ့်အကြောင်းကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ facebook page မှာ ကြေညာထားသလို စာမူတွေကို စက်တင်ဘာ ၁၀ ရက်နေ့ နောက်ဆုံးထားပေးပို့ရမယ်လို့ သိရပါတယ်။  သမဂ္ဂရဲ့အသံကိုသာမက ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့အသံကိုပါ ဖော်ထုတ်ချင်လို့ ပြန်ထုတ်တာလို့ လက်ရှိအိုးဝေမဂ္ဂဇင်းရဲ့ အယ်ဒီတာအဖွဲ့ဝင် ကိုကျော်ကျော်က ပြောပါတယ်။  မဂ္ဂဇင်းထုတ်ဝေဖြန့်ချိမယ့်နေ့ရက် အတိအကျကို ပြောလို့မရသေးဘဲ ကျောင်းပြန်ဖွင့်ချိန်အမီ ထုတ်ဝေသွားမယ်လို့ အယ်ဒီတာအဖွဲ့ဝင် ကိုအောင်ကောင်းဆက်က ပြောပါတယ်။   အိုးဝေ မဂ္ဂဇင်းကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ၁၉၃၁ ခုနှစ်၊ ဇန်နဝါရီလမှာ စတင်ထုတ်ဝေခဲ့ပြီး ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) က အယ်ဒီတာအဖြစ် တာဝန်ယူခဲ့ပါတယ်။  သတင်း - နွေလှိုင်း(YU)
1 year Ago
Up