close

ရန်ကုန်နည်းပညာတက္ကသိုလ်ကောင်စီ

close

March 11, 2022

JICA အဖွဲ့ကို ရန်ကုန်နည်းပညာတက္ကသိုလ်ကောင်စီ ကန့်ကွက်

စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ကို ရန်ကုန်နည်းပညာတက္ကသိုလ်ကောင်စီက ကန့်ကွက်စာပေးပို့ ထားတယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီ ထုတ်ပြန်ချက်ထဲမှာတော့ JICA Project for AUN/SEED-Net အနေနဲ့ ရန်ကုန် နည်းပညာတက္ကသိုလ်က အမည်ပျက်စာရင်းသွင်းထားတဲ့ ဦးဉာဏ်မြင့်ကျော်၊ ‌ဒေါ်နုနု၀င်းနဲ့ ဒေါ်ခင်အေးမွန်တို့ပါ၀င်တဲ့ ဘွဲ့နှင်းအခမ်းအနားတရပ်ကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၆ ရက်က ကျင်းပပြုလုပ်ခဲ့တာကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

တက္ကသိုလ်ကောင်စီအ‌နေနဲ့ JICA နဲ့ ကာလရှည်ကြာ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားပေမယ့် စစ်ကောင်စီလက်အောက်မှာ တာ၀န်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ လက်သင့်ခံနိုင်ဖွယ်မရှိဘဲ ထိခိုက်နာကျင်ခံစားနေရတဲ့ ပြည်သူ လူထုတရပ်လုံးကို မျက်ကွယ်ပြုတာလို့ ယူဆကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါကြောင့်မို့ JICA အဖွဲ့ရဲ့ ဂျပန်ရုံးချုပ်ကို ဦးတည်လိပ်မူပြီး ဒေသအသီးသီးက ရုံးခွဲတွေ၊ ဂျပန်သံအမတ်ကြီး၊ ရန်ကုန်အခြေစိုက်သံရုံးတွေနဲ့ JICA Myanmar ရုံးတာ၀န်ခံတွေဆီ ဒီကန့်ကွက်လွှာကို ပေးပို့ထားတယ်လို့ ဆိုပါတယ်။

58 seconds Ago

August 10, 2021

CDM ဝန်ထမ်းများကို မော်ကွန်းဝင်များအဖြစ် ရန်ကုန်နည်းပညာတက္ကသိုလ်ကောင်စီက ချီးမြှင့်

စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေး၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဝန်ထမ်းတွေကို မော်ကွန်းဝင်တွေအဖြစ် ရန်ကုန်နည်းပညာတက္ကသိုလ်ကောင်စီက ဂုဏ်ပြုချီးမြှင့်နေပါတယ်။

CDM ပြုလုပ်ထားတဲ့ တက္ကသိုလ်ရဲ့ အရာထမ်း၊ အမှုထမ်းတွေကို မော်ကွန်းဝင်တွေ အဖြစ် သတ်မှတ်ချီးမြှင့်သလို နေ့စားဝန်ထမ်းတွေကိုလည်း အမှုထမ်းအဖြစ် တိုးမြှင့်ခန့်ထားပြီး သူတို့အားလုံးကို တက္ကသိုလ်ပြတိုက်ရဲ့ မော်ကွန်းတိုက်မှာ မှတ်တမ်းတင်ထားရမဲ့ မော်ကွန်းဝင်တွေအဖြစ် ကြေညာပါတယ်။

တက္ကသိုလ်ကောင်စီဟာ အရေးတော်ပုံအောင်မြင်ပြီး တက္ကသိုလ်ဝန်းထဲက စစ်ကောင်စီတွေနဲ့ လက်အောက်ခံတွေကို ဖယ်ရှားပြီးချိန်မှာ မော်ကွန်းဝင်ပုဂ္ဂိုလ်တွေကို အခမ်းအနားနဲ့ အဆောင်အယောင်တွေချီးမြှင့်မယ်လို့ ဆိုပါတယ်။

မော်ကွန်းဝင်အမှတ်တွေကို တက္ကသိုလ်ကောင်စီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို အမည်၊ ရာထူးပေးပို့ပြီး တောင်းယူနိုင်တယ်လို့လည်း ထုတ်ပြန်ပါတယ်။

ရန်ကုန် နည်းပညာတက္ကသိုလ် ဝန်ထမ်းအားလုံးရဲ့ ၆၉ ရာခိုင်နှုန်းဟာ CDM မှာ ပါဝင်နေ ကြပြီး အရာထမ်း(အရာရှိ) အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းဟာ CDM မှာပါဝင်နေပါတယ်။

ပြီးတော့ သတ္တုဗေဒ အင်ဂျင်နီယာဌာနရဲ့ အရာထမ်းအားလုံး၊ ရေနံအင်ဂျင်နီယာဌာနရဲ့ အရာထမ်းအားလုံး၊ ဗိသုကာဌာနနဲ့ မက္ကာထရောနစ် အင်ဂျင်နီယာဌာနရဲ့ အရာထမ်း အားလုံနီးပါးဟာ CDM မှာ ပါဝင်နေကြပါတယ်။

ဒါ့အပြင် ဂျပန် မြန်မာနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာန ၁ က အရာထမ်း အားလုံးဟာ CDM မှာ ပါဝင်နေကြပြီး အမှုထမ်းတွေကတော့ တယောက်မှ မပါဝင်ကြပါဘူး။ ဂျပန် မြန်မာနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာန ၂၊ မြန်မာစာဌာနနဲ့ GIS ဌာနက အရာထမ်းနဲ့ အမှုထမ်းနဲ့ အရာထမ်းအားလုံး CDM မှာ ပါဝင်နေကြပါတယ်။

7 months Ago
Up