close

ရန်ကုန်-မလေးရှား

close

July 2, 2021

MAI လေကြောင်းလိုင်း ရန်ကုန်-မလေးရှား ကယ်ဆယ်ရေးအထူးလေယာဉ် တပတ် ၃ ရက်ပြေး ဆွဲမည်

မြန်မာအဲဝေးစ်အင်တာနေရှင်နယ်လေကြောင်းလိုင်း (MAI) က အခုဇူလိုင်လအတွင်း ရန်ကုန်-ကွာလာလမ်ပူ အထူးလေကြောင်းခရီးစဉ်ကို ပျံသန်းပြေးဆွဲသွားမယ်လို့ သိရပါတယ်။

ဒီလေကြောင်းခရီးစဉ်တွေကိုတော့ လာမယ့် ဇွန် ၅ ရက်နေ့က စတင်ကာ အပတ် စဉ် တနင်္လာ၊ ဗုဒ္ဒဟူး၊ ကြသပတေးနေ့တွေတိုင်း အထူးကယ်ဆယ်ရေးလေယာဉ်အနေနဲ့ ပျံသန်းပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။

စီးနင်းလိုက်ပါလိုတဲ့ ခရီးသည်တွေအနေနဲ့ ခရီးစဉ်တကြောင်းစာ Economy Class အတွက် အမေရိကန်ဒေါ်လာ ၁၆၀၊ Business Class အတွက် အမေရိကန်ဒေါ်လာ ၄၀၀ သတ်မှတ်ထားပါတယ်။

မလေးရှားနိုင်ငံသားတွေရော၊ နိုင်ငံသား မဟုတ်သူတွေပါ ပြည်ဝင်ခွင့်အထောက် အထား လက်မှတ်အပြင် ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း ၇၂ နာရီအတွင်း ဆေးစစ် ချက်လက်မှတ်တွေ ပြသရမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

ခရီးစဉ်လက်မှတ်တွေကိုတော့ သက်ဆိုင်ရာ လက်မှတ်အရောင်းကိုယ်စားလှယ် တွေ အပါအဝင် MAI ရဲ့ Website နဲ့ Mobile App တို့ကတဆင့်လည်း ကိုယ်တိုင် ဝယ်ယူ နိုင်ပြီး လိုအပ်တဲ့ အချက်အလက် အသေးစိတ်ကို ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

6 mins Ago
Up