close

ရန်ပွဲ

close

January 6, 2023

ဗြိတိန်တော်ဝင်မင်းသား ၂ ဦး၏ ရန်ပွဲအကြောင်း သည်ဂါးဒီးယန်း သတင်းစာထုတ်ဖော်ရေးသား

ဗြိတိန်ရဲ့ မင်းသားဟယ်ရီဟာ သူ့ရဲ့အမေရိကန်ဇနီး မက်ဂန်နဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က ဖြစ်ခဲ့တဲ့ရန်ပွဲအတွင်း အစ်ကိုဖြစ်သူ အိမ်ရှေ့စံမင်းသား ဝီလျံက သူ့ကို ကြမ်းပြင်မှာ လှဲချခဲ့တဲ့အကြောင်း ထုတ်ပြောထားတဲ့ဖြစ်ရပ်အကြောင်းကို သည်ဂါးဒီးယန်း သတင်းစာက ဇန်နဝါရီ ၄ ရက်မှာ ဖော်ပြပါတယ်။

ချားလ်စ်ဘုရင်ရဲ့ သားတော်တွေဖြစ်တဲ့ တော်ဝင်မင်းသား ညီနောင်အကြားက ရန်ဖြစ်မှု အကြောင်းကို ဇန်နဝါရီ ၁၀ ရက်မှာ ထုတ်ဝေမယ့် ဟယ်ရီရဲ့ Spare စာအုပ်မှာ အသေးစိတ် ဖော်ပြထားတယ်လို့ သည်ဂါးဒီးယန်းက ဆိုပါတယ်။ 

လုံခြုံရေး တင်းကျပ်ထားပေမယ့် ပေါက်ကြားနေတဲ့ မိတ္တူတစ်စောင်ကို ရရှိထားတယ်လို့လည်း ဆိုပါတယ်။ 

ဂါးဒီးယန်းရဲ့အဆိုအရ ၂၀၁၉ ခုနှစ်က ဟယ်ရီရဲ့ လန်ဒန်နေအိမ်မှာ အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ဝီလျံက မက်ဂန်ကို ခက်ခဲတယ်၊ ရိုင်းစိုင်းတယ်၊ ကြမ်းတမ်းတယ်လို့ သုံးနှုန်းခဲ့ကြောင်းနဲ့ သူ့ကိုလည်း ကော်လာကနေ ကိုင်ပြီး ဆွဲကြိုးကို ဆွဲဖြုတ်ပြီးတော့ ကြမ်းပြင်ကို လှဲချလိုက်တာကြောင့် သူ့ကျောအောက်မှာ ခွေးစာခွက်တောင် ကွဲသွားတယ်လို့ ဟယ်ရီက ရေးသားခဲ့ကြောင်း သတင်းစာက ရေးပါတယ်။ 

သည်ဂါးဒီးယန်းသတင်းစာရဲ့ရေးသားချက်အပေါ် ချားလ်စ်ဘုရင်နဲ့ မင်းသားဝီလျံတို့ရဲ့ ပြောရေး ဆိုခွင့် ရှိသူတွေက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ 

တော်ဝင်မင်းသား နှစ်ယောက်ကြားက ရန်ပွဲအကြောင်း မှတ်တမ်းနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၅ ရက် က လန်ဒန်မြို့ခံတွေဟာ ဟယ်ရီဘက်ကို စာနာမှု အနည်းငယ် ပြခဲ့ကြပါတယ်။ 

ညီအစ်ကိုတွေ တချိန်လုံး ရန်ဖြစ်နေတာမျိုး ရှိနိုင်ပြီး ဒီထဲမှာ အမှန်​တရား​တွေလည်း ရှိနိုင်ပေမဲ့ သူပြောသလောက်တော့ ဆိုးမယ်မထင်ပါဘူးလို့ အသက်​ ၅၁ နှစ်အရွယ် အိုင်တီမန်နေဂျာ ခရစ္စ် ဘန်းနက်က ​ပြောပါတယ်။ 

ဟယ်ရီနဲ့ မက်ဂန်တို့က သူတို့ရဲ့အရှုပ်ထုပ်တွေ၊ မိသားစုအရှုပ်တော်ပုံတွေကို လူတွေကြား ချပြ လိုက်ရင် ပေါင် သန်းဆယ်နဲ့ချီပြီး ရတာမို့လို့ ဒါကို ဘယ်သူအမှန်သိမှာလည်းလို့ ပြောပါတယ်။

ဟယ်ရီဟာ မေလမှာ ဖခင်ဖြစ်သူရဲ့ နန်းတက်ပွဲကို တက်ရောက်ဖို့ ကတိမပြုနိုင်ကြောင်း ပြောကြားထားတဲ့ သူ့စာအုပ် မထွက်ရှိခင် အင်တာဗျူးထားတဲ့ ဗီဒီယိုဖိုင်ကို အိုင်တီဗီက ထုတ်ပြန်လိုက်တာကြောင့် သည်ဂါးဒီးယန်း မှာ ဒီသတင်း ထွက်ရှိလာတာ ဖြစ်ပါတယ်။  

3 mins Ago

January 23, 2022

ဟွန်ဒူးရပ်စ်လွှတ်တော်ဥက္ကဋ္ဌရွေးချိန် လွှတ်တော်အမတ်များ ရန်ပွဲဖြစ်ပွား

ဟွန်ဒူးရပ်စ်နိုင်ငံမှာ ဇန်နဝါရီ ၂၁ ရက်က လွှတ်တော်ဥက္ကဋ္ဌရွေးချယ်ပွဲ အစည်းအဝေး ကျင်းပနေချိန်မှာ ရွေးချယ်ခံ အမျိုးသမီးသမ္မတ  စီယိုမာရာ ကက်စထရိုရဲ့ Free Party မှ  လွှတ်တော်ကိုယ်စားလှယ်တွေ အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။  

လွှတ်တော်ဥက္ကဋ္ဌရွေးချယ်ရာမှာ စီယိုမာရာရဲ့ Free Party ပါတီမှ ကိုယ်စားလှယ် ၂၀ က ပြိုင်ဘက်ပါတီမှ ဟိုဟေကာလစ်ဇ်ကို  ဥက္ကဋ္ဌ အဖြစ်  တင်မြှောက်ခဲ့ပါတယ်။ အဲဒီနောက် မိမိပါတီအပေါ် သစ္စာဖောက်ခဲ့သူတွေကို ကျန်ကိုယ်စားလှယ်အများစုက ဒေါသဖြစ်ပြီး ခိုက်ရန်ဖြစ်ခဲ့တာပါ။ 

စီယိုမာရာကို ထောက်ခဲ့သူတွေက သူ့နာမည်ကို ထောက်ခံကြွေးကြော်ပြီး ပါတီသစ္စာဖောက်တွေ ကိုတော့  “သစ္စာဖောက် သစ္စာဖောက်” လို့ အော်ဟစ်ခဲ့ပါတယ်။ 

ပါတီသစ္စာဖောက်တို့ ရွေးချယ်ခဲ့တဲ့ လွှတ်တော်ဥက္ကဋ္ဌကိုလည်း လွှတ်တော်ထဲက မောင်းထုတ်ခဲ့ပါတယ်။ 

ဇန်နဝါရီ ၂၇ ရက်မှာ စီယိုမာရာ ကက်စထရိုဟာ သမ္မတကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပြီး အဲဒီ အခမ်းအနားကို အမေရိကန်ဒုသမ္မတ ကာမလာဟဲရစ် တက်ရောက်လာမှာ ဖြစ်ပါတယ်။ အခုတော့ စီယိုမာရာရဲ့ ပါတီအတွင်း အကွဲအပြဲတွေ ရှိနေပါတယ်။

12 months Ago
Up