close

ရပ်ကျေးစည်းရုံးရေးမှူး

close

September 22, 2022

ရပ်ကျေးစည်းရုံးရေးမှူးများကို ပါတီအလံလွှင့်ရန် ကြံ့ခိုင်ရေးပါတီ ညွှန်ကြား

ပါတီညီလာခံကျင်းပဖို့ နီးကပ်လာတာကြောင့် နေအိမ်တွေမှာ ပါတီအလံလွှင့်ထူဖို့ နေပြည်တော်ရှိ ပါတီရပ်ကျေးစည်းရုံးရေးမှူးတွေကို ကြံ့ခိုင်ရေးပါတီက  ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ ညီလာခံကို လာမယ့် အောက်တိုဘာ ၄ ရက်ကနေ ၆ ရက်နေ့အထိ ပြုလုပ်သွားဖို့ ရှိနေပြီး ပါတီဗဟိုဌာနချုပ်မှာလည်း ပြင်ဆင်မှုတွေပြုလုပ်နေတာပါ။

ပါတီညီလာခံကျင်းပဖို့ နီးကပ်လာပြီဖြစ်တဲ့အတွက် နေပြည်တော်က ပါတီရပ်ကျေးစည်းရုံးရေးမှူးတွေကို ပါတီအလံထောင်ဖို့အတွက် သက်ဆိုင်ရာမြို့နယ်အလိုက် ညွှန်ကြားနေတယ်လို့ ဆိုပါတယ်။

နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူးတဦးက "အိမ်တွေမှာ အလံထောင်ဖို့ မြို့နယ်အလိုက် ညွှန်ကြားတာတွေတော့ ရှိပါတယ်။ စည်းရုံးရေးမှူးတွေကိုပေါ့။ ဒါပေမယ့် ကျနော်ကတော့ ဒီအချိန်မှာ ဒီလိုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တခြားသူတွေ ထောင်ချင်ထောင် ကျနော်ကတော့ အဆင်မပြေနိုင်ဘူးလို့ ပြန်ပြောထားတယ်" လို့ ပြောပါတယ်။

လာမယ့်လအတွင်း ပြုလုပ်မယ့် ကြံ့ခိုင်ရေးပါတီရဲ့ညီလာခံအတွင်းမှာ ပါတီဥက္ကဋ္ဌနေရာ အပါအဝင်  ‌အဓိကခေါင်းဆောင်ပိုင်းနေရာတွေ အပြောင်းအလဲပြုလုပ်သွားဖို့ရှိနေတယ်လို့လည်း ပါတီဝင်တဦးက ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ ပါတီညီလာခံပြုလုပ်တော့မယ့်အချိန်မှာ နေပြည်တော်အတွင်းကို စစ်ကောင်စီက လုံခြုံရေးပိုမိုတင်းကျပ်ထားပြီး ယခင်ကထက် ပိုမိုစစ်ဆေးလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

"အစစ်အဆေးတွေက ပိုပြီးများလာတာတော့ အမှန်ပဲ။ ဘာကြောင့်လဲတော့ သေချာမသိဘူး။ အရင်က မရှိတဲ့နေရာတွေမှာပါ ဘန်ကာတွေဆောက်ပြီး စစ်နေတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

နေပြည်တော်အတွင်း အစစ်အဆေး ပိုမိုတင်းကျပ်လာတာဟာ   ကြံ့ခိုင်ရေးပါတီရဲ့ ညီလာခံကြောင့်ဖြစ်ပုံမရဘဲ အခြား စစ်ဆင်ရေး ကိစ္စရပ်တွေကြောင့်လည်း ဖြစ်ပုံရတယ်လို့ ကြံ့ခိုင်ရေးပါတီဝင်အချို့က သုံးသပ်ကြပါတယ်။

9 hours Ago

October 15, 2021

ပုသိမ်မြို့တွင် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူး ၁ ဦးပစ်သတ်ခံရ

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ အောက်တိုဘာ ၁၄ ရက် ညပိုင်းက  ကြံ့ခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူး အမျိုးသား ၁ ဦးသေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

မငြိမ်းလှကုန်းမှာနေထိုင်တဲ့ ကိုအောင်စိုးဟာ သူ့ရဲ့ဇနီးနဲ့အတူ  အိမ်ပြင်ထွက်လာစဉ် ည ၇ နာခွဲလောက်မှာ တကောင်းဘုရားနားမှာ ဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ ၃ ချက်ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဒီကောင်က အာဏာသိမ်းပြီးကတည်းက စစ်အုပ်စု သတင်းပေးလုပ်နေတာ ဒီနေ့တော့ ကျနော်တို့ အဖွဲ့ဝင် တဦးက ရှင်းခဲ့တာပါ။ သေနတ်နဲ့ ၃ ချက်ပစ်ခဲ့တယ် ပြောတယ်။ ဒလန်ကတော့ အဲ့နေရာမှာ သေသွားတယ်”လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရပြီး မိနစ်ပိုင်းအတွင်းမှာ စစ်ကောင်စီ တပ်သားတွေရောက်လာပြီး ပတ်ဝန်းကျင်ကို ဆဲဆို ကြိမ်းမောင်းတာတွေပြုလုပ်ပြီး ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်မြို့မှာ  စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမှု ၁၀ ကြိမ်ထက်မနည်းဖြစ်ခဲ့သလို စစ်အုပ်စု သတင်းပေး ဒလန်ရှင်းလင်းခံရတာတော့ ၂ ဦးထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

11 months Ago
Up