close

ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း

close

October 16, 2022

ရွှေကူမြို့က ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ် ရွှေကူမြို့ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးကိုနိုင်ကို စစ်ကောင်စီ တပ်ဖွဲ့ အင်အားအများအပြားနဲ့ အောက်တိုဘာ ၁၄ ရက် ညက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ည ၉ နာရီလောက် လာဖမ်းသွားတာ။ စစ်တပ်၊ ရဲ၊ အရပ်ဝတ် အင်အားအတော်များတယ်။ အုပ်ချုပ်ရေးမှူးက မလုပ်တာကြာပြီ။ CDM လုပ်ပြီး နုတ်ထွက်တာမဟုတ်ဘဲနဲ့ လာဖမ်းသွားတာ။ ဘာကြောင့်ဖမ်းလဲဆိုတာ မသိရဘူး။ မိသားစုနဲ့လည်း မတွေ့ရဘူး" လို့ မိသားစုဝင်နဲ့နီးစပ်သူတဦး က ပြောပါတယ်။

အုပ်ချုပ်ရေးမှူးဟောင်း ဦးကိုနိုင်ကို ရွှေကူမြို့မ ရဲစခန်းအတွင်းက အချုပ်မှာ ဖမ်းဆီးစစ်ဆေးနေပြီး မိသားစုဝင်တွေကိုလည်း တွေ့ခွင့်မပေးဘူးလို့ ဆိုပါတယ်။

ရွှေကူမြို့နယ် သာယာကုန်းကျေးရွာမှာ စက်တင်ဘာ ၆ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က နေအိမ်တလုံးကို မီးရှို့ပြီး ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားပါသေးတယ်။

1 hour Ago

June 8, 2021

တောင်တွင်းကြီးမြို့နယ်၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း ၁ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် အရှေ့ဘက်မှာရှိ ငမင်ကျေးရွာမှာနေထိုင်တဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးဇော်ကို ဇွန်လ ၇ ရက်နေ့က အကြမ်းဖက်စစ်တပ်နဲ့ရဲက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

“မနေ့ကညနေ ၃ နာရီလောက်က စစ်သားတွေကော ရဲကောဆို ၃၀ လောက်ရှိမယ်။ မေးစရာရှိလို့ဆိုပြီးတော့ ကိုမျိုးဇော်ရဲ့ အိမ်ကိုလာခေါ်သွားတာ။ ဘယ်ကိုခေါ်သွားလည်းမသိဘူး။ အခုထိတော့ ပြန်ရောက်မလာသေးဘူး” လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူကပြောပါတယ်။

ဦးမျိုးဇော်ဟာ ယခင် အန်အယ်လ်ဒီ အစိုးရလက်ထက် ငမင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

1 year Ago
Up