close

ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့

close

October 10, 2022

ပုသိမ်မြို့တွင် မော်တော်ဆိုင်ကယ်စီးသူများကို စစ်ဆေးဖမ်းဆီး ငွေတောင်းမှုပိုများလာ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ  မော်တော်ဆိုင်ကယ်စီးတဲ့ ပြည်သူတွေကို   ယာဉ်ထိန်းရဲတွေသာမက  အရန်မီးသတ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီဩဇာခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကပါ စစ်ဆေးဖမ်းဆီး ဒဏ်ငွေတောင်းခံနေတယ်လို့  မြို့ခံတွေထံက သိရပါတယ်။

ပုသိမ်မြို့ခံတစ်ဦးက “အရင်က ဆိုင်ကယ်ဖမ်းရင် ယာဉ်ထိန်းတွေပဲ ဖမ်းတာ။ အခုက အရန်မီးသတ်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးကလူတွေပါ ဖမ်းတာ။ ဥပဒေမသိသူတွေ ဖမ်းတော့ ဖမ်းချင်သလိုဖမ်း၊ တောင်းချင်သလိုတောင်းကြတာ”လို့  ပြောပါတယ်။

ပုသိမ်မြို့ပေါ်အပြင် ကျေးရွာတွေအထိဆင်းဖမ်းနေပြီး ပြည်သူတွေဆီကနေ နည်းပေါင်းစုံနဲ့ ငွေတောင်းနေတာလို့လည်း  ဒေသခံတယောက်က ပြောပါတယ်။

“အခု ဆိုင်ကယ်တွေ စစ်တာဆိုပြီး အကြောင်းအမျိုးမျိုးပြ ချလန်ဖြတ်မယ်ဆို လုပ်တာတွေများတဲ့ ချာလန်မဖြတ်ဖို့ အနိမ့်ဆုံး တစ်သောင်းက နှစ်သောင်းအထိ တောင်းယူတာတွေ လုပ်တာပေါ့။ ချာလန်ဖြတ်ရင် တရားရုံးသွားရရင်အချိန်ကုန်တော့ မသွားချင်ဘူးလေ။” 

စစ်တပ်အာဏာသိမ်းပြီးနောက် ပုသိမ်မြို့မှာ ဆိုင်ကယ်ဖမ်းတာတွေ ပိုလုပ်ဆောင်လာကြောင်း၊ အထူးသဖြင့် စက်တင်ဘာနောက်ဆုံးပတ်ကစပြီး ပိုမိုဖမ်းဆီးနေတာဖြစ်ပြီး ယာဉ်စည်းကမ်းဖောက်ဖျက်လို့ တရားရုံးတင်ရင် ဒဏ်ငွေ ကျပ် ၃၀,၀၀၀ ပေးရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

2 mins Ago

September 1, 2022

မဟာအောင်မြေမြို့နယ် ဗောဓိပင်ဘုရားဝင်းအတွင်း ဗုံးပေါက်၊ ၁ ဦးဒဏ်ရာရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ လမ်း ၄၀ နဲ့ ၄၁ လမ်းကြား၊ ၇၁ လမ်းနဲ့ ၇၂ လမ်းကြားရှိ ဗောဓိပင်ဘုရားဝင်းအတွင်း စက်တင်ဘာ ၁ ရက် မနက် ၉ နာရီ ၄၀ ကျော်က ဗုံးပေါက်ကွဲခဲ့ပါတယ်။

ဘုရားဝင်းအနောက်ဘက်မှာ မြို့နယ်အဆင့် စစ်ကောင်စီဌာနဆိုင်ရာနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးချိန် ပေါက်ကွဲတာဖြစ်ပြီး ဆွေးနွေးပွဲ လာရောက်သူတယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲအပြီး ၆၉ လမ်း၊ ၃၈ လမ်းနဲ့ ၃၉ လမ်းအနီး စစ်ကားတစီး ရောက်လာကာ စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတယောက်က ဆိုပါတယ်။

ဒဏ်ရာရသူမှာ အသက် ၆၀ ကျော်အရွယ် ဦးဝင်းဦး ဆိုသူဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် အင်္ဂတေအစ ထိမှန်ကာ ဒဏ်ရာမစိုးရိမ်ရဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဗုံးပေါက်ကွဲမှုဖြစ်တဲ့အနီး ၇၂လမ်း၊ လမ်း ၄၀ နဲ့ ၄၁ လမ်းကြားရှိ လမ်းဘေးအမှိုက်ပုံမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတခု တွေ့ရှိခဲ့ပါသေးတယ်။

1 month Ago
Up