close

ရပ်ကျေးဥက္ကဋ္

close

August 23, 2021

ကျိုက်ထိုက ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဋ္ဌ ပစ်သတ်ခံရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ မဲရုံလေးကျေးရွာက  ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ရပ်ကျေးဥက္ကဋ္ဌ တစ်ဦး ဩဂုတ် ၂၂ ရက် ညနေပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ဋ္ဌ ဦးမြင့်နိုင်ဟာ စိမ်ကလဲ့ကျေးရွာကနေ မဲရုံလေးကျေးရွာ အပြန်လမ်းမှာ အမည်မသိ သေနတ်သမား ၂ ဦးက ဆိုင်ကယ်နဲ့ ‌လာရောက်ပြီး ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရပြီး‌နောက် ဦးမြင့်နိုင်ဟာ သေနတ်ဒဏ်ရာ ၄ ချက် ရရှိခဲ့ပြီး အ‌ခင်း ဖြစ်ရာ နေရာမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဦးမြင့်နိုင်ဟာ ကျိုက်ထိုမြို့က အောင်ချမ်းသာ လူမှုကယ်ဆယ်ရေးအဖွဲ့ရဲ့ ပရဟိတလုပ်ငန်း တွေမှာ ဝင်ရောက်လုပ်ကိုင်နေသူဖြစ်တယ်လို့ ဆိုပါတယ်။

ဦးမြင့်နိုင် သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျိုက်ထိုမြို့ပေါ် ရပ်ကွက်တွေမှာ လုံခြုံရေး ပိုမိုတိုးမြှင့်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်မှာ‌တော့ အခုတစ်ပတ်အတွင်း သေနတ်နဲ့ ပစ်သတ်ခံရသူ ၃ ဦးထိ ရှိလာခဲ့ပါတယ်။

12 mins Ago
Up