close

ရပ်ကွက်အုပ်ချုပ်ရေးမှူး

close

March 30, 2023

ခရမ်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ကံဘဲ့ကျေးရွာ၊ ကံဘဲ့ဘုန်းကြီးကျောင်းရှိ အလှူမှာ မတ်လ ၃၀ ရက် ဒီနေ့မနက် ၁၁ နာရီလောက်က အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးဇော်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ သတင်းကို ဓာတ်ပုံရိုက်ပြီး စစ်ကောင်စီဆီ အမြဲပို့လေ့ရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးဇော်ဦးကို ဒီနေ့မနက်က ကံဘဲ့ဘုန်းကြီးကျောင်း အလှူမှာ သေနတ်ကိုင်ဆောင်ထားသူတွေက လာရောက်ပစ်ခတ်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

“သူ့ကြောင့် မနှစ်က ကံသာကျောင်းတိုက်က ဆရာတော်ကို စစ်တပ်က ဖမ်းဖို့လုပ်သေးတယ်။ နိုင်ငံရေးတရားဟောတယ်ဆိုပြီး ရုပ်သံရိုက်ပြီး စစ်တပ်ကိုပို့လိုက်တာ၊ ဆရာ ဒကာတွေ ဝိုင်းတောင်းပန်လို့ မဖမ်းတာ။ အခုလည်း သတင်းလာယူရင်း သေနတ်နဲ့ပစ်ခံရတာ။”

ကျည်ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အုပ်ချုပ်ရေးမှူးအလောင်းကို သုံးခွမြို့နယ်ဆေးရုံ ပို့ဆောင်ပြီး လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ကံဘဲ့ကျေးရွာမှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရန်ကုန်က မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ရက်တွေကလည်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ သေဆုံးခဲ့ပါတယ်။

15 mins Ago

February 21, 2023

စမ်းချောင်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗားကရာလမ်းမှာ ဖေဖော်ဝါရီ ၂၀ ရက်ညက ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်နိုင် သေနတ်နဲ့ ပစ်ခံရတယ်လို့  ရပ်ကွက်နေသူတွေ ထံက သိရပါတယ်။

ဗားကရာလမ်းက မီးရထားနေအိမ်လိုင်းခန်းမှာ မနေ့ ည ၁၁ နာရီကျော်က ပစ်ခတ်ခံတာဖြစ်ပြီး ဦးမျိုးမြင့်နိုင်ကို စစ်ကောင်စီတပ်က လူနာတင်ယာဥ်နဲ့ တင်ဆောင်သွားကာ ဆေးရုံကို ပို့ထားတယ် လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူ တဦးက ပြောပါတယ်။

"သူက မီးရထားလိုင်းခန်းမှာနေတာ။ ညက အိမ်သာ သွားတက်ရင်း အပစ်ခံရတာ။ သေတော့ မသေဘူး။ စိုးရိမ်ရတယ်"

မနေညက သေနတ်ပစ်သံကြားရပြီး ည ၁၁ နာရီခွဲလောက် လူနာတင်ယာဉ်နဲ့ စစ်ကားတွေ ရောက်လာတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

သာကေတနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းကလည်း ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်တပ်ထောက်ခံသူ လူမိုက်နေမျိုးအောင်နဲ့ ရာအိမ်မှူး နှစ်ဦး သေဆုံးကာ ရာအိမ်မှူး လေးဦးနဲ့ အရပ်သား တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဇန်နဝါရီလအတွင်းက ရန်ကုန်မှာ ပစ်ခတ်မှုတွေကြောင့် ဗိုလ်မှူး သုံးဦး အပါအဝင် အုပ်ချုပ်ရေးမှူး နဲ့ ရာအိမ်မှူး ၉ ဦး သေဆုံးခဲ့ပါတယ်။

1 month Ago
Up