close

ရဟတ်ယာဉ်ပျက်ကျမှု

close

December 8, 2021

အိန္ဒိယ ကာကွယ်ရေးဦးစီးချုပ် လိုက်ပါလာသည့် ရဟတ်ယာဉ်ပျက်ကျ၊ ၄ ဦးထက်မနည်း သေဆုံး

အိန္ဒိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ်ကို တင်ဆောင်လာတဲ့ စစ်ရဟတ်ယာဉ်ဟာ အိန္ဒိယတောင်ပိုင်းမှာ ဒီဇင်ဘာ ၈ ရက်က ပျက်ကျခဲ့လို့ လူ ၄ ဦးထက်မနည်း သေဆုံးတယ်လို့ နိုင်ငံတကာ မီဒီယာတွေက အစီရင်ခံပါတယ်။

သေဆုံးသူတွေထဲမှာ ဘီပင်ရာဝပ် ပါသလားဆိုတာ စစ်ဆေးနေဆဲဖြစ်ပြီး သေဆုံးသူ ၄ ယောက်ထဲမှာ ၂ ယောက်က အစိုးရအရာရှိတွေဖြစ်တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူ ၃ ယောက်ကို ဆေးရုံတင်ပို့ထားပြီး ရဟတ်ယာဉ်ပေါ်မှာ လူဘယ်နှယောက် ပါတယ်ဆိုတာ မသိရသေးဘူးလို့ အယ်လ်ဂျားဇီးယား သတင်းမှာ ဖော်ပြထားပါတယ်။

ရိုက်တာသတင်းမှာတော့ ကူးနူးမြို့နားက စစ်ရဟတ်ယာဉ် ပျက်ကျအပြီး ရာဝပ်ရဲ့ အခြေအနေကို သေချာသိအောင် ကြိုးစားနေတယ်လို့ ကာကွယ်ရေးသတင်းရင်းမြစ် ၂ ရပ်ကို ကိုးကားဖော်ပြထားပါတယ်။

ရာဝပ်ဟာ ဆူလာမြို့ လေတပ်အခြေစိုက်စခန်းကနေ တမီနာဒူလ်ပြည်နယ် ဝယ်လင်တန်မြို့က ကာကွယ်ရေးဝန်ထမ်းကောလိပ်မှာ ဟောပြောဖို့ Mi-17V5 ရဟတ်ယာဉ်နဲ့ ခရီးသွားခဲ့တာလို့ လေတပ်က ပြောပါတယ်။

ရာဝပ်ကို အိန္ဒိယရဲ့ ပထမတန်း စစ်ဦးစီးအရာရှိချုပ်အဖြစ် ဝန်ကြီးချုပ် နရင်ဒြာမိုဒီက ၂၀၁၉ နှောင်းပိုင်းမှာ ခန့်အပ်ခဲ့တာဖြစ်ပြီး ဒီရာထူးဟာ အိန္ဒိယရဲ့ ကြည်း၊ ရေ၊ လေ စစ်တပ်တွေကို ပေါင်းစပ်ဖို့ ရည်ရွယ်ထားပါတယ်။ 

အိန္ဒိယမှာ အစိုးရ ထိပ်တန်းဝန်ကြီးတွေဟာ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ နေရာတွေကို သွားတဲ့အခါ ရုရှားစစ်ရဟတ်ယာဉ် ဒါဇင်ချီကို ကျယ်ကျယ်ပြန့်ပြန့် သုံးခဲ့ပါတယ်။

စစ်ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းသိရအောင် အသေအချာ စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ထားတယ်လို့ လေတပ်က တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပြောထားပါတယ်။

13 hours Ago

January 27, 2020

ကိုဘေဘရိုင်ယန့် ကွယ်လွန်ခဲ့မှု စံပြတဦး ဆုံးရှုံးခြင်းဖြစ်

ကိုဘေဘရိုင်ယန့် ကွယ်လွန်သွားတာဟာ မျိုးဆက်တခုရဲ့ စံပြတဦး ဆုံးရှုံးရခြင်း ဖြစ်တယ်လို့ အားကစားလောကက လက်ခံကြပါတယ်။ အသက် ၄၁ နှစ်အရွယ် ဂန္ထဝင် ဘက်စကတ်ဘော ကစားသမား ကိုဘေဘရိုင်ယန့်ဟာ အားကစားသမားဘဝက အနားယူပြီး ၂ နှစ်အကြာမှာ သူ့ရဲ့ အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူနဲ့အတူ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှုထဲ ပါသွားခဲ့ပြီး  သေဆုံးသွားခဲ့တာပါ။ နာမည်ကျော် မိုက်ကယ်ဂျော်ဒန်ရဲ့ ကစားပုံနဲ့ ဆင်တူတဲ့ ကိုဘေဘရိုင်ယန့်တ်ဟာ NBA ချန်ပီယံဘွဲ့ ၅ ကြိမ်၊ MVP ၂ ကြိမ်၊ အိုလံပစ်ရွှေတံဆိပ်ဆု ၂ နှစ်ဆုနဲ့ အခြားသော ဆုတံဆိပ်ပေါင်းများစွာ ရရှိခဲ့တဲ့ ကိုဘေဘရိုင်ယန့်ဟာ ဘက်စကတ်ဘောလောကမှာသာ မကပဲ အခြားအားကစားလောကပါ အထင်ကြီး လေးစားခံရသူ ဖြစ်ပါတယ်။  ရက်ရှ်ဖိုဒ့်၊ စတာလင်တို့လို နာမည်ကြီးဘောလုံးသမားတွေသာမက ဥရောပ ဘောလုံးကလပ်အသင်း တော်တော်များများကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။ 
2 years Ago
Up