close

ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်

close

September 21, 2022

ကလေးငယ်များအား စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပေါ် ကုလအတွင်းရေးမှူးချုပ် အပြင်းအထန်ရှုတ်ချ

ကလေးငယ် ၁၁ ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ရတဲ့ လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို မြန်မာစစ်တပ်ရဲ့အကြမ်းဖက် တိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က  စက်တင်ဘာလ ၂၀ ရက်မှ အပြင်းအထန်ရှုတ်ချလိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၆ ရက်နေ့မှာ ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်ခဲ့သလို မြေပြင်ကနေလည်း စစ်သားတွေက သေနတ်နဲ့ပစ်ခတ်ဝင်ရောက်တိုက်ခိုက် အကြမ်းဖက်မှု ကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအကြီးအကဲရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်လိုက်တာပါ။

လက်ယက်ကုန်းမှာ မြန်မာစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ကလေးငယ်တွေအတွက် အလေးအနက်ဝမ်းနည်းရပါကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

“လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာတောင် စာသင်ကျောင်းတွေဟာ ကလေးငယ်တွေအတွက် အန္တရာယ်ကင်းတဲ့ ပညာသင်ကြားရာနေရာဖြစ်ရပါမယ်။ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို တိုက်ခိုက်တာဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေမှာ ဖော်ပြထားတဲ့ဆိုးရွားပြင်းထန်တဲ့ ဥပဒေချိုးဖောက်မှု ၆ ချက်ထဲက တစ်ခုဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက  အပြင်းအထန်ဆန့်ကျင်ရှုတ်ချတယ်” လို့ ဂူတာရက်စ်က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ကျူးလွန်းနေသူတွေဟာ သူတို့ရဲ့ ပြစ်မှုတွေအတွက် မလွဲမသွေတာဝန်ခံရမယ်လို့လည်း မစ္စတာဂူတာရက်စ်က ပြောပါတယ်။

နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေအရ တိုက်ပွဲဝင်သူတွေဟာ ကလေးငယ်တွေအပါအဝင် အရပ်သားတွေနဲ့ အရပ်သားပိုင်ပစ္စည်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးခြင်းမပြုရဘူးဆိုတာကိုလည်း ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ထပ်မံသတိပေးဖော်ပြထားပါတယ်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ကလည်း လက်ယက်ကုန်းမှာ တိုက်ခိုက်ခံခဲ့ရတဲ့ကျောင်းက အနည်းနောက်ထပ် ၁၅ ဦး ပျောက်ဆုံးနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ပျောက်ဆုံးနေသူတွေကို ဖမ်းဆီးထားပါက အန္တရာယ်ကင်းစွာ ချက်ချင်းပြန်လွှတ်ပေးဖို့၊ ကျောင်းတွေဟာ အန္တရာယ်ကင်းတဲ့နေရာဖြစ်ဖို့၊ ကလေးသူငယ်တွေကို တိုက်ခိုက်ခြင်းမပြုဖို့တို့ကိုလည်း UNICEF က တောင်းဆိုထားပါတယ်။

ကျောင်းထဲမှာ PDF တွေ ပုန်းအောင်းနေတာကြောင့် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်ပိုင် မြဝတီသတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။ 

9 hours Ago

July 29, 2022

ကေအန်ယူ တပ်မဟာ ၃ နယ်မြေကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၃ ရင်း  ၉ နယ်မြေကို  ဇူလိုင် ၂၉ ဒီမနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ  စစ်ကောင်စီတပ်က ရဟတ်ယာဥ်နဲ့  လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့  KNLA နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ 

စစ်ကောင်စီတပ်က လေကြောင်းကနေ ရမ်းသန်းပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်တွေ နေထိုင်တဲ့ အဆောင်ခေါင်မိုးပေါ်ကို စစ်သေနတ်ကျည်တွေထိမှန်ခဲ့ပြီး အဆောက်အဦအမိုး အနည်းငယ်ပျက်စီးသွားပါတယ်။

စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် လူတွေသေဆုံးသူမရှိပေမဲ့ အမျိုးသမီးတယောက်နဲ့  အမျိုးသားသုံးယောက်  ခြေထောက်နဲ့ လက်တို့မှာ ရှပ်ထိ ဒဏ်ရာ( မစိုးရိမ်ရ)ရခဲ့ပါတယ်။ 

တပ်မဟာ ၃ နယ်မြေမှာ  စစ်ကောင်စီတပ်က အခုလအတွင်း ရဟတ်ယာဥ်နဲ့ လာရောက် ပစ်ခတ်ခဲ့တာ နှစ်ကြိမ်ရှိပြီ ဖြစ်ပြီး  ပထမ အကြိမ်တုန်းက  မုန်းဒေသနယ်မြေထဲမှာ ပစ်ခတ်ခဲ့ပါသေးတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်စလုံးမှာ  ကရင်လက်နက်ကိုင်တပ်တွေ   ထိခိုက်သေဆုံးမှု မရှိခဲ့ပါဘူးလို့ KNLA နဲ့ နီးစပ်သူအသိုင်းအဝိုင်းက ပြောပါတယ်။

2 months Ago
Up