close

ရာဇဝတ်မှု

close

April 1, 2023

ယူဂန်ဒါတွင် LGBTQ ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်သဖြင့် ဆန္ဒပြ

ယူဂန်ဒါနိုင်ငံမှာ LGBTQ ကို ရာဇ၀တ်မှု လို့ သတ်မှတ်တဲ့ ဥပဒေတရပ်ကို ပြီးခဲ့တဲ့သီတင်းပတ်က အတည်ပြုလိုက်တာကို ဆန့်ကျင်ကန့်ကွက်ဖို့အတွက် တောင်အာဖရိကပြည်သူတွေဟာ မတ် ၃၁ ရက်က ပရီတိုရီးယားနဲ့ ကိပ်တောင်း မြို့တွေရဲ့လမ်းတွေပေါ် ထွက်လာခဲ့ကြပါတယ်။ 

ပရီတိုးရီးယားရှိ ကုလသမဂ္ဂ သတင်းအချက်အလက်စင်တာ အပြင်ဘက်မှာ လူ ၁၀၀ လောက် ဆန္ဒပြခဲ့ကြပါတယ်။ 

အလံတွေဝှေ့ယမ်း သီချင်းတွေဆိုနေကြတဲ့ ဆန္ဒပြသူတွေဟာ ဒီဥပဒေကို လက်မှတ်မထိုးဖို့ ယူဂန်ဒါသမ္မတ ယိုဝါရီ မူဆယ်ဗီနီကို တောင်းဆိုခဲ့ကြပါတယ်။ 

“ဒါဟာ ယူဂန်ဒါ ပြဿနာတင်မက အာဖရိကတိုက်ပြဿနာလဲ ဖြစ်တာကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေက မူဆယ်ဗီနီကို ဒီဥပဒေကြမ်းကို လက်မှတ်မထိုးဖို့ ဖိအားပေးသင့်တယ်” လို့ ယူဂန်ဒါ LGBTQ အခွင့်အရေးလှုပ်ရှားသူလဲဖြစ်တဲ့ ဓာတ်ပုံဆရာ ပါပါဒီ ဒီလိုဗီ ကွာဂလာ က ပြောပါတယ်။ 

လိင်တူ၊ လိင်ကွဲ၊ လိင်ပြောင်း သူတွေကလဲ ဘယ်သူ့ကိုမှ ဒုက္ခပေးနေတာမှ မဟုတ်ပဲ သူတို့လဲ တခြားသူတွေလိုပဲ အသက်ရှင်နေထိုင်ဖို့ ထိုက်တန်ကြောင်း သူက ဆိုပါတယ်။

“ဒီအခွင့်အရေးတွေကို ဖယ်ရှားလို့ မရဘူး။ ဒါ ကမ္ဘာ့အရေးပေါ်အခြေအနေပါ။”

ယူဂန်ဒါဟာ လိင်တူဆက်ဆံခြင်းကို တားမြစ်ထားပြီးဖြစ်တဲ့ အာဖရိကနိုင်ငံ ၃၀ ကျော်မှာ ပါဝင်နေပြီး ဒီဥပဒေသစ်ဟာ အမျိုးသားချင်း လိင်တူချစ်သူ၊ အမျိုးသမီးချင်း လိင်တူချစ်သူ၊ လိင် ၂ မျိုးလုံးကို တိမ်းညွှတ်သူ၊ လိင်ပြောင်း၊ လိင်ကွဲ (LGBTQ) အဖြစ် အမျိုးအစား ခွဲခြား သတ်မှတ်ရုံကိုတောင် တရားမဝင်ကြောင်း လုပ်ဆောင်တဲ့ ပထမဆုံး ဥပဒေဖြစ်တယ်လို့ Human Rights Watch လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

12 hours Ago

August 22, 2022

စင်ကာပူတွင် အမျိုးသားချင်းလိင်တူဆက်ဆံခြင်းကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ထားမှု ပယ်ဖျက်မည်

စင်ကာပူနိုင်ငံမှာ အမျိုးသားချင်း လိင်တူ ဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာကို ပယ်ဖျက်ပေးဖို့ ရှိတယ်လို့ ဝန်ကြီးချုပ်က ဩဂုတ် ၂၁ ရက်မှာ ပြောပါတယ်။ 

ဒါဟာ ခေတ်မီတဲ့ ကျွန်းနိုင်ငံလေးမှာ ဂေးတွေရဲ့ ဖြစ်တည်မှုအပေါ်မှာ ပိုပြီး လက်ခံလာတဲ့ သဘောဖြစ်ပါတယ်။ 

စင်ကာပူမှာ ကိုလိုနီခေတ်ဥပဒေဖြစ်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၃၇၇ (က) မှာ အမျိုးသားချင်း လိင် ဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာပါ။ 

ဒါပေမဲ့ ထိမ်းမြားလက်ထပ်ခြင်းနဲ့ သက်ဆိုင်တဲ့ ဥပဒေမှာတော့ အမျိုးသားနဲ့ အမျိုးသမီး လက်ထပ်တာကိုပဲ တရားဝင် ခွင့်ပြုထားမယ်လို့ ဝန်ကြီးချုပ် လီရှောင်လွန်းက ပြောပါတယ်။

ဒါဟာ စင်ကာပူမှာ လူတွေ လက်ခံလာကြတဲ့အတိုင်း အစိုးရက လိုက်ပါ ဆောင်ရွက်သင့်တာကို ဆောင်ရွက်တာဖြစ်တယ်လို့ ဝန်ကြီးချုပ်က နိုင်ငံတော်အမျိုးသားနေ့ မိန့်ခွန်းမှာ ပြောပါတယ်။

7 months Ago
Up