close

ရာထူးကထုတ်

close

May 28, 2021

ဘီးလင်း ဆရာ၊ ဆရာမ ‌၅၀၄ ဦးကို ရာထူးကထုတ်ပယ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က အာဏာဖီဆန်ရေး CDM လုပ်တဲ့ အခြေခံပညာကျောင်း ဆရာ၊ ဆရာမ ၅၀၄ ဦးကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ CDM လုပ်တဲ့ ဆရာ၊ ဆရာမတွေကို အကြောင်းပြချက်မရှိဘဲ တာဝန်ပျက်ကွက်တာ၊ ခွင့်စည်းကမ်းဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မေ ၂၄ ရက်မှာ ရာထူးကထုတ်ပယ်ခဲ့တာပါ။

ရာထူးကထုတ်ပယ်ခံရတဲ့ ဆရာ၊ ဆရာမတွေထဲမှာ အထက်တန်းပြ၊ အလယ်တန်း ကျောင်းအုပ်ကြီးအဆင့်တွေအပြင် မူလတန်းပြနဲ့လုပ်သားအဆင့် ဝန်ထမ်းတွေပါ ပါဝင်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ‌ မွန်ပြည်နယ်အတွင်းက CDM ဆရာ၊ ဆရာမ‌ ၃၃၀၀ ကျော်ကိုလည်း တာဝန်ကနေ ယာယီရပ်ဆိုင်းထားပါတယ်။

5 mins Ago

November 26, 2020

အာဖဂန်သတ်ဖြတ်မှုနှင့်ပတ်သက်၍ သြစတြေးလျ အထူးတပ်ဖွဲ့ဝင် ၁၀ ဦးကို ရာထူးကထုတ်

အာဖဂန်နစ္စတန်မှာ တရားလက်လွတ်သတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ သြစတြေးလျ အထူးတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်းကို  ရာထူးက ထုတ်ပယ်မယ်လို့  ABC  သတင်းဌာနက ဖော်ပြပါတယ်။  လက်ရှိတာဝန်ထမ်းဆဲ စစ်သား ၁၀ ယောက်ကို ရာထူးက ထုတ်ပယ်မယ်ဆိုပြီး တရားဝင် အကြောင်းကြားထားတယ်လို့ ABC က ပြောဆိုပါတယ်။  သူတို့ ဘယ်သူဆိုတာကို ABC က မထုတ်ပြန်ပေမယ့် အားလုံးဟာ မျက်မြင်တွေ ဒါမှမဟုတ် ပြစ်မှုကျူးလွန်ရာမှာ ကူညီသူတွေ ဖြစ်တယ်လို့  ဆိုပါတယ်။  နောက်ပြီး သူတို့ ၁၀ ယောက်ဟာ တရားစွဲဆိုမယ့် စစ်သား ၁၉ ယောက်ထဲမှာ မပါဘူးလို့ လည်း သိရပါတယ်။   ABC ရုပ်သံ ပြောကြားချက်နဲ့ပတ်သက်ပြီး သြစတြေးလျကာကွယ်ရေးဌာနကို ဆက်သွယ်မေးမြန်းရာမှတော့ ချက်ချင်း မဖြေကြားခဲ့ပါဘူး။   တာလီဘန်တွေကို တိုက်ထုတ်ဖို့ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ အတူသွားရောက်ခဲ့တဲ့ သြစတြေးလျ တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့  ကလေးငယ်တွေ အပါအဝင် အပြစ်မဲ့ လယ်သမား၊ အရပ်သား ၃၉ ယောက် သေဆုံးခဲ့တယ်လို့ သြစတြေးလျကာကွယ်ရေးဌာနက ပြီးခဲ့တဲ့ သီတင်း ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ 
6 months Ago
Up