close

ရာထူးကမဆင်းမချင်း

close

September 3, 2021

ထိုင်းဝန်ကြီးချုပ် ရာထူးကမဆင်းမချင်း ဆန္ဒဆက်ပြမည်ဟု ထိုင်းပြည်သူများပြော

ထိုင်းဝန်ကြီးချုပ် ပရာယုသ်ကျန်အိုချာကို ရာထူးက နုတ်ထွက်ပေးဖို့ စက်တင်ဘာ ၂ ရက်က ဘန်ကောက်မြို့လယ်မှာ လူထောင်ချီ ဆန္ဒပြခဲ့ကြပြီး သူ ရာထူးက မထွက်မချင်း နေ့တိုင်းပြန်လာမယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက်တွေကြောင့် ဆန္ဒပြပွဲတွေကို တားမြစ်ပိတ်ပင်ထားတယ်လို့ ရဲတပ်ဖွဲ့က ဒီနေ့အစောပိုင်းမှာ သတိပေးခဲ့ပေမယ့် အာဆို့ခ်လမ်းဆုံက ငြိမ်းချမ်းစွာဆန္ဒပြပွဲဟာ ဒီနှစ်အတွင်း အကြီးမားဆုံး လူထုစုဝေးပွဲတွေထဲက တစ်ခုဖြစ်ပါတယ်။  မြို့ရဲ့တခြားနေရာက ၀န်ကြီးချုပ်ရဲ့နေအိမ်အနီးမှာလည်း အသေးစား ဆန္ဒပြမှုတခု ရှိခဲ့ပါတယ်။ 

ဒီသီတင်းပတ်အစောပိုင်းက စတင်ခဲ့တဲ့ လွှတ်တော်တွင်း တရားဝင်ဝေဖန်ခွင့်ရှိတဲ့ စကား ချေတင် ငြင်းခုံဆွေးနွေးပွဲမှာ မေးခွန်းခပ်ပြင်းပြင်းတွေနဲ့ ဝန်ကြီးချုပ်ပရာယုသ် ရင်ဆိုင်နေရချိန်မှာ ဆန္ဒပြပွဲကလည်း ဖြစ်ပွားနေတာပါ။ 

နိုင်ငံရေးအတိုက်အခံတွေက ၀န်ကြီးချုပ်နဲ့ တခြားအစိုးရအဖွဲ့၀န်ကြီး ၅ ဦးကို အကျင့်ပျက်ခြစားမှု၊ စီးပွားရေးစီမံခန့်ခွဲမှုမှားယွင်းခြင်းနဲ့ ကိုဗစ်-၁၉ ရောဂါအရေး တုံ့ပြန်ဆောင်ရွက်မှုကို နှောင့်ယှက်ခြင်းတွေအပေါ် စွပ်စွဲပြစ်တင်တာဖြစ်ပြီး ဝန်ကြီးချုပ်ပရာယုသ်နဲ့ သူ့ဝန်ကြီးတွေက ဒါတွေကို ပယ်ချထားပါတယ်။

 ပရာယုသ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေဟာ ဇွန်လနှောင်းပိုင်းကစလို့ အရှိန်မြင့်တက်လာပြီး အရင်နှစ်က သူ့ကိုရာထူးဖယ်ရှားဖို့ ကြိုးပမ်းခဲ့တဲ့အဖွဲ့တွေဟာ ပိုဆိုးလာတဲ့ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ဒေါသထွက်နေသူတွေဆီကနေ ပိုကျယ်ပြန့်တဲ့ထောက်ခံမှုနဲ့ ပြန်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။  

Photo- Khaosod

50 seconds Ago
Up