close

ရာဒူကာနူ

close

November 29, 2021

ဗြိတိန်တင်းနစ်မယ် ရာဒူကာနူ တနှစ်တာ အကောင်းဆုံးအမျိုးသမီးအားကစားသမားဆုရ

ဗြိတိန် အမျိုးသမီးတင်းနစ်ကြယ်ပွင့် ရာဒူကာနူဟာ  Sunday Times သတင်းစာက ရွေးချယ် ချီးမြှင့်တဲ့ ၂၀၂၁ ခုနှစ်  တနှစ်တာအတွက် အကောင်းဆုံး အမျိုးသမီးအားကစားသမားဆုကို ဆွတ်ခူးရရှိသွားပါတယ်။ 

နိုဝင်ဘာ ၁၃ ရက်နေ့မှာ အသက် ၁၉ နှစ်ပြည့်ခဲ့သူ ရာဒူကာနူဟာ စက်တင်ဘာလအတွင်း ကျင်းပတဲ့ ယူအက်စ်အိုးပင်း ဂရင်းစလင်း တင်းနစ်ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲပြီး ၁၉၇၇ ခုနှစ်နောက်ပိုင်း ၄၄ နှစ်အကြာ ဂရင်းစလင်းချန်ပီယံဆု ရယူနိုင်တဲ့  ပထမဆုံး ဗြိတိန် တင်းနစ်မယ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

ရာဒူကာနူဟာ  အမျိုးသား/အမျိုးသမီး ဂရင်းစလင်း တင်းနစ်ပြိုင်ပွဲတွေမှာ  လက်ရည်စစ်ပွဲ အဆင့်မှ စတင်ကစားပြီးနောက် ချန်ပီယံဆုရယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း စံချိန်သစ် ရေးထိုးနိုင်ခဲ့ပါသေးတယ်။

ဒီဆုကို ဗြိတိန်အခြေစိုက် Sunday Times သတင်းစာက ချီးမြှင့်တာဖြစ်ပြီး တစ်နှစ်အတွင်း စွမ်းဆောင်ရည်အကောင်းဆုံးနဲ့ အကျော်ကြားဆုံး အမျိုးသမီးအားကစားသမားတွေကို ရွေးချယ် ချီးမြှင့်လေ့ရှိတာပါ။

2 mins Ago
Up