close

ရာဖင်ညာ

close

September 11, 2022

နေမာတိုက်တွန်းမှုကြောင့် ဘာစီလိုနာကို ရွေးချယ်ခဲ့ဟု ဘရာဇီးကစားသမား ရာဖင်ညာပြော

ဘရာဇီးအသင်းဖော်တိုက်စစ်မှူးနေမာရဲ့ တိုက်တွန်းမှုကြောင့် ဘာစီလိုနာအသင်းကို ရွေးချယ်ခဲ့တာလို့  တောင်ပံတိုက်စစ်မှူး  ရာဖင်ညာက ပြောပါတယ်။

ရာဖင်ညာဟာ အခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ လိဒ်ယူနိုက်တက်ကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။

အဲဒီမတိုင်ခင်မှာ ချဲလ်ဆီး၊ အာဆင်နယ်အသင်းတွေက ချိတ်ဆက်ခဲ့ပေမဲ့ ရာဖင်ညာက ပယ်ချခဲ့ပါတယ်။

ရာဖင်ညာက “အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး နေမာကို ပြောပြလိုက်တော့ ဘာစီလိုနာကို ပြောင်းရွှေ့ရင် နောင်တရမှာမဟုတ်ဘူးလို့ ပြောခဲ့တယ်။ သူပြောတာမှန်ကန်ခဲ့ပါတယ်။ ပြီးတော့ ကျနော့် အိပ်မက်က ဘာစီလိုနာဂျာစီဝတ်ဆင်ချင်တာကြောင့် ချဲလ်ဆီးရဲ့ကမ်းလှမ်းချက်ကိုပယ်ချခဲ့တာပါ”လို့ ပြောပါတယ်။

အသက် ၂၅ နှစ်ရှိ ဘရာဇီးတောင်ပံတိုက်စစ်ကစားသမားဟာ ဘာစီလိုနာနဲ့ ၅ ပွဲကစားထားပြီး တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးထားပါတယ်။ 

8 mins Ago

July 16, 2022

ရော်နယ်ဒင်ညိုကြောင့် ဘာစီလိုနာကို ရွေးချယ်ခြင်းဖြစ်ဟု ရာဖင်ညာ ပြော

ရော်နယ်ဒင်ညိုရဲ့ လွှမ်းမိုးမှုကြောင့် ဘာစီလိုနာအသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ကစားသမားသစ် ရာဖင်ညာ ကပြောပါတယ်။

ဘရာဇီးလက်ရွေးစင်ဟာ ပရီးမီးယားလိဂ်က ချဲလ်ဆီးနဲ့ အာဆင်နယ် အသင်းတွေရဲ့ကမ်းလှမ်းချက်တွေကိုပယ်ချပြီး ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့တာပါ။

အဲဒီဆုံးဖြတ် ချက်ဟာ ဘရာဇီးနဲ့ ဘာစီလိုနာဂန္ထဝင် ကစားသမားဖြစ်သူ ရော်နယ်ဒင်ညိုရဲ့လွှမ်းမိုးမှုကြောင့်ဖြစ်ပြီး  ငယ်စဉ်ကတည်းက ဘာစီလိုနာမှာကစားဖို့ အိပ်မက်ရှိခဲ့တယ်လို့ ရာဖင်ညာကပြောပါတယ်။

ဘာစီလိုနာ အသင်းကိုစတင်ကြည့်ရူချိန်က ရော်နယ်ဒင်ညိုကို သဘောကျခဲ့ပေမယ့် မိမိရဲ့ကစားပုံ အရတော့ ရော်နယ်ဒင်ညိုနဲ့ ကွဲပြားခြားနားမှုတွေရှိတယ်လို့လည်း ရာဖင်ညာကပြောသွားပါတယ်။

အသက် ၂၅ နှစ်အရွယ် ဘရာဇီး ရှေ့တန်း တိုက်စစ်မှူး ရာဖီနာဟာ သူ့ရဲ့ ငယ်ဘ၀ အိပ်မက်ဖြစ်တဲ့ ဘာစီလိုနာ အသင်းမှာ ကစားရတော့မှ ဖြစ်လို့ စိတ်လှုပ်ရှားနေတယ်လို့ ပြောပါတယ်။ 

သူ့ရှေ့က ဘာစီလိုနာမှာ ကစားခဲ့တဲ့ နာမည်ကျော် ဘရာဇီး ဘောလုံးသမားတွေဖြစ်တဲ့ ရိုမာရီယို၊ ရိုနယ်ဒို၊ ရော်နယ်ဒင်ဟို၊ နေမာတို့ရဲ့ ခြေရာကို နင်းနိုင်ဖို့ သူက မျှော်လင့်နေတာပါ။

ရာဖီနာဟာ လိဒ်ယူနိုက်တက်အသင်းမှာ ကစားခဲ့ပြီး ဘာစီလိုနာနဲ့ ၂၀၂၇ ဇွန်အထိ ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းပေးချေပြီးခေါ်ယူ ခဲ့တာဖြစ်ပါတယ်။ 

2 months Ago
Up