close

ရာဖေးနာဒယ်လ်

close

January 22, 2022

သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ရာဖေးနာဒယ်လ် အနိုင်ရပြီး နောက်တဆင့်တက်

မနေ့က ယှဉ်ပြိုင်သွားတဲ့ သြစတြေးလျ အိုးပင်းအမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲမှာ ရာဖေး နာဒယ်လ်ဟာ ကာရင်ကာချာနော့ဗ်ကို အနိုင်ရသွားပြီး နောက်ဆုံး ဆန်ခါတင် ၁၆ ယောက်ထဲ ပါဝင်လာပါတယ်။ 

ကမ္ဘာ့အဆင့် နံပါတ် ၆ ဖြစ်တဲ့ နာဒယ်လ်ဟာ ကမ္ဘာ့အဆင့် ၂၈ ဖြစ်တဲ့ ကာချာနော့ဗ်ကို ၆-၃၊ ၆-၂၊ ၃-၆၊ ၆-၁ နဲ့ အနိုင်ရသွားတာဖြစ်ပါတယ်။ 

ဒီပွဲဟာ သူတို့နှစ်ယောက် ၈ ကြိမ်မြောက်တွေ့ဆုံတဲ့ ပွဲဖြစ်ပြီး အရင် ၇ ကြိမ်လုံးမှာလည်း နဒယ်လ်ကပဲ အနိုင်ရခဲ့ပါတယ်။ 

နဒယ်လ်ဟာ ၂၀၀၉ ခုနှစ်တုန်းက သြစတြေးလျ အိုးပင်းချန်ပီယံ ဖြစ်ခဲ့ပြီး၊ အခု ပြိုင်ပွဲကနေ ၂၁ ကြိမ်မြောက် ဂရင်းဆလမ်းချန်ပီယံ  ဖြစ်လာဖို့အတွက် ကြိုးစားနေတာ ဖြစ်ပါတယ်။

5 mins Ago

October 3, 2020

ပြင်သစ်အိုးပင်းပြိုင်ပွဲတွင် လက်ရှိချန်ပီယံရာဖေးနာဒယ်လ် စတုတ္ထအဆင့်တက်ရောက်

ပြင်သစ်အိုးပင်းလက်ရှိချန်ပီယံ ရာဖေးနာဒယ်လ်ဟာ အီတလီက ထရာဗာဂလီယာကို အနိုင်ယူပြီး စတုတ္ထအဆင့်တက်ရောက်သွားပါတယ်။  ဆီဒင် ၂ သတ်မှတ်ခံထားရတဲ့ ရာဖေးလ်နာဒယ်လ်ဟာ ကမ္ဘာ့အဆင့် ၇၃ ရှိ ထရာဗာဂလီယာကို ၆-၁၊ ၆-၄၊ ၆-၀ နဲ့ အနိုင်ရခဲ့တာပါ။  ပထမပွဲမှာကတည်းက ၂၃ မိနစ်အတွင်း အနိုင်ယူခဲ့တဲ့ နာဒယ်လ် လက်ကျန် ၂ ပွဲမှာ အနည်း ငယ်စိန်ခေါ်မှုရှိခဲ့ပေမယ့် သက်သောင့်သက်သာနဲ့ပဲ စတုတ္ထအဆင့်တက်ရောက်နိုင်ခဲ့တာပါ။  လေ့ကျင့်မှုတွေ အများကြီးပြုလုပ်ခဲ့တာကြောင့် အနိုင်ရခဲ့တာဖြစ်ပြီး လာမယ့်ပွဲစဉ်တွေ မှာလည်း ပိုကောင်းတဲ့ လက်စွမ်းရလိမ့်မယ်လို့ နာဒယ်လ်က ပွဲအပြီးမှာ ပြောပါတယ်။  နာဒယ်လ်ဟာ စတုတ္ထအဆင့်မှာတော့ စပိန်သား မာတီနက်ဇ်ကို ကျော်ဖြတ်လာတဲ့ အမေရိကန်က ဆက်ဘက်စ်တီယန်ကော်ဒါနဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။  ဆီဒင် ၃ သတ်မှတ်ခံထားရတဲ့ သြစတြီးယားသား ဒိုမင်နစ်သိမ်ဟာလည်း နော်ဝေက  ကက်စ်ပါရုဒ်ကို အနိုင်ရခဲ့ပြီး စတုတ္ထအဆင့်မှာတော့ ပြင်သစ်က ဟူဂိုဂက်စ်တန်နဲ့ တွေ့ဆုံမှာဖြစ် ပါတယ်။ 
1 year Ago
Up