ပရီးမီးယားလိဂ်ရဲ့ လုပ်ခအမြင့်ဆုံးကစားသမားစာရင်းမှာ မန်ယူအသင်းသားတွေက ဦးဆောင်ရပ်တည်နေပါတယ်။
ပြင်သစ်သတင်းဟာ L’Equipe ရဲ့ လေ့လာချက်အရ ပရီးမီးယားလိဂ်မှာကစားနေတဲ့ လုပ်ခအများဆုံး ကစားသမား ၅ ဦးထဲမှာ မန်ယူကစားသမား ၄ ဦးအထိ ပါဝင်နေပါတယ်။
လုပ်ခအများဆုံးကစားသမားက ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုဖြစ်ပြီး တလကို ပေါင် ၂.၂ သန်း ရရှိနေပြီး တနှစ်ကို ပေါင် ၂၆.၄ သန်းရရှိပါတယ်။ ဒုတိယအများဆုံးက မန်စီးတီးကွင်းလယ်လူ ကီဗင်ဒီဘရိုင်း ဖြစ်ပြီး တလကို ပေါင် ၁.၇ သန်းရပြီး တနှစ်စာအတွက် ပေါင် ၂၀.၄ သန်းရရှိပါတယ်။
အဲဒီနောက်မှာ မန်ယူနိုက်တက်ကစားသမား ၃ ဦးဖြစ်တဲ့ ဂိုးသမား ဒီဂီယာ၊ ဂျေဒန်ဆန်ချိုနဲ့ ရာဖေးလ်ဗာရန်းတို့က အစဉ်လိုက်ရပ်တည်ပါတယ်။
မန်ယူအသင်းအနေနဲ့ အခုနှစ်ရာသီမှ ပြောင်းရွှေ့လာတဲ့ ကစားသမားသစ် ၃ ဦးကြောင့် လုပ်ခအမြင့်မားဆုံးကစားသမားတွေ ပိုပိုများပြာလားခဲ့တာပါ။
လုပ်ခအများဆုံးထိပ်ဆုံး ၁ဝ ဦးစာရင်းမှာ ချဲလ်ဆီးတိုက်စစ်မှူး လူကာကူနဲ့ ကွင်းလယ်လူ ကန်တေ၊ မန်စီးတီးက စတာလင်နဲ့ ဂျက်ဂရေးလစ်ရှ်၊ မန်ယူကွင်းလယ်လူ ပေါ့ဘာတို့လည်း ပါဝင်ခဲ့ပါတယ်။
ထိပ်ဆုံး ၁ဝ ဦး စာရင်းနောက်မှာတော့ ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာ၊ မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းစ်၊ မန်ယူတိုက်စစ်မှူး ကာဗာနီ၊ လီဗာပူးနောက်ခံလူ ဗန်ဒိုက်၊ အာဆင်နယ်ကွင်းလယ်လူ ပါတေး အစရှိတဲ့ ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။