close

ရာဖေးလ်လီယာအို

close

December 25, 2022

အာဆင်နယ်၏ ကစားပုံကို ကြိုက်နှစ်သက်ဟု အေစီမီလန်ကစားသမား ရာဖေးလ်လီယာအို ပြော

အာဆင်နယ်အသင်းရဲ့ ကစားပုံကို ကြိုက်နှစ်သက်တယ်လို့ အေစီမီလန်တောင်ပံ တိုက်စစ်ကစားသမား ရာဖေးလ်လီယာအိုက ပြောပါတယ်။ 

အသက် ၂၃ နှစ်ရှိ ပေါ်တူဂီလက်ရွေးစင်ဟာ အေစီမီလန်မှာ ခြေစွမ်းပြနေသူဖြစ်ပြီး အာဆင်နယ်၊ ချဲလ်ဆီးအသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းထွက်ပေါ် နေတာပါ။ 

အေစီမီလန်အသင်းနဲ့ ၁၈ လစာချုပ်သက်တမ်းသာကျန်ရှိတော့တာဖြစ်ပြီး အခုနှစ်ရာသီမှာတော့ အသင်းအပေါ်မှာပဲအာရုံစိုက်ထားတယ်လို့ ပြောပါတယ်။ 

ဒါပေမဲ့ အာဆင်နယ်အသင်းရဲ့ပွဲစဉ် အများအပြားကိုကြည့်ရှုခဲ့ပြီး ခြေစွမ်းပြနေတဲ့အာဆင်နယ်ရဲ့ ကစားပုံကိုသဘောကျတယ်လို့ ရာဖေးလ်လီယာအိုကပြောခဲ့တာပါ။ 

“လိဂ်ပြိုင်ပွဲအသစ်မှာကစားချင်သလားဆိုတော့ အနာဂတ်မှာ ဖြစ်နိုင်ပါတယ်။ အာဆင်နယ်က ထိပ်တန်းကလပ် တသင်းဖြစ်ပြီး လန်ဒန်မြို့ကိုလည်း သဘောကျပါတယ်” လို့ လီယာအိုက ပြောပါတယ်။ 

သူဟာ ၂၀၁၈ ခုနှစ်က လိုင်လီကနေ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အသင်းနဲ့ စုစုပေါင်း ၁၃၅ ပွဲမှာ ၃၄ ဂိုး သွင်းယူခဲ့ပါတယ်။ 

7 mins Ago
Up