စပိန်တင်းနစ်အကျော်အမော် ရာဖဲလ်နာဒါးဟာ သြစတြေးလျ အိုးပင်ဖလား တင်းနစ်ပြိုင်ပွဲဝင်ဖို့ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့သို့ ရောက်ရှိနေပါပြီ။
၂၁ ခုမြောက် ဂရင်းစလင်း ချန်ပီယံဖလားအတွက် မဲလ်ဘုန်း ပါ့ခ်မှာ စနေနေ့က လေ့ကျင့်နေ တာကို တွေ့ရပါတယ်။
ရာဖဲလ်နာဒါးဟာ အဘူဒါဘီမှာ ကျင်းပတဲ့ ချစ်ကြည်ရေးပြိုင်ပွဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခဲ့ပြီး သြစတြေးလျအိုးပင်မှာ ဝင်ပြိုင်ဖို့ ကိစ္စကတော့ လာမယ့် ရက်သတ္တပတ်တွေအတွင်း တိုးတက်လာ တဲ့ အခြေအနေပေါ် မူတည်တယ်လို့ ပြောထားပါတယ်။
စပိန်တင်းနစ်သမားဟာ ခြေထောက် ဒဏ်ရာကြောင့် လအတန်ကြာအောင် ကစားပွဲတွေကနေ လေးလကြာ အနားယူနေရာကနေ အဘူဒါဘီမှာ ကျင်းပတဲ့ ချစ်ကြည်ရေးပွဲမှာ ပထမဆုံး ဝင်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။